top of page
Search

ကျန်းမာတဲ့ Body Transformation ဆိုတာ.....

  • Writer: Honest Hour
    Honest Hour
  • Apr 12
  • 1 min read


Body Transformation ဆိုတာ

Body Transformation ဆိုတာက ကိုယ်အလေးချိန်တွေ၊ ပေါင်ချိန်တွေကို အာရုံစိုက်တာထက် ပိုပြီး နက်ရှိုင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါက ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိဖို့၊ အဆီပိုတွေကို လျှော့ချဖို့၊ ခန္ဓာကိုယ်ကို ကျစ်လျစ်သန်မာစေဖို့၊ သက်လုံကောင်းစေဖို့၊ ခွန်အားတိုးတက်စေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ရရှိစေဖို့ ဘက်စုံကနေ ပြောင်းလဲတဲ့ Holistic Process တစ်ခုပါ။

ဝိတ်ချတယ်ဆိုတာက ကိုယ်ထဲက အဆီ၊ ရေဓာတ်၊ ကြွက်သားနဲ့ တခြားအစိတ်အပိုင်းတွေပါ ဆုံးရှုံးသွားနိုင်တာကြောင့်၊ ဝိတ်ကျဖို့ပဲ ဦးတည်ပြီး ကြိုးစားတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါပေမယ့် အဆီကျဖို့၊ ကြွက်သားကျစ်လျစ်ဖို့၊ သက်လုံကောင်းဖို့နဲ့ ခွန်အားတိုးဖို့ကို အဓိကထားမယ်ဆိုရင် ဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခရီးတစ်ခုပါပဲ။

ဘယ်အချိန်မှာ Body Transformation လုပ်ဖို့ အသင့်ဖြစ်ပြီလို့ သိနိုင်မလဲ?

၁။ ကိုယ်ဖြစ်ချင်တာကို သိပြီဆိုရင်

- ဘယ်လောက်ပေါင်ချိန်ကျချင်တယ်၊ ခါးဆိုဒ်ဘယ်လောက်ရချင်တယ်၊ ဘယ်လောက်ကျစ်လျစ်ချင်တယ်၊ ဘယ်လောက်ကြီးချင်တယ် စတဲ့ ရည်မှန်းချက်တွေ ရှင်းရှင်းလင်းလင်းသိပြီဆိုရင် Body Transformation လုပ်ဖို့ အသင့်ဖြစ်ပါပြီ။

၂။ စိတ်အားတက်ကြွပြီး ဆုံးဖြတ်နိုင်တဲ့အချိန်

- ကိုယ့်မှာ Motivation ရှိနေပြီး၊ ကိုယ်ကြိုးစားမယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်ပြီဆိုရင်၊ ရလဒ်ကိုလည်း မျှောင်လင့်နေပြီဆိုရင် ဒါက Body Transformation စတင်ဖို့ အကောင်းဆုံးအချိန်ပါ။

၃။ ပြောင်းလဲချင်စိတ်ရှိနေပြီဆိုရင်

- အမူအကျင့်တွေ၊ အချိန်ဇယားတွေ၊ စိတ်ထားတွေကို ပြောင်းလဲဖို့ စိတ်အားထက်သန်နေပြီဆိုရင်၊ ကိုယ့်အတွက် ပိုကောင်းမွန်စေမယ့် နေထိုင်မှုပုံစံကို ရွေးချယ်ဖို့ အသင့်ဖြစ်နေပြီဆိုရင် Body Transformation လုပ်ဖို့ အချိန်ကောင်းပါပဲ။

၄။ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ ကိုယ့်ရဲ့စိတ်အေးချမ်းမှုက အရေးကြီးတာကို သိပြီဆိုရင်

- Body Transformation မှာ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေက အရေးပါတယ်ဆိုတာ နားလည်ပြီဆိုရင် ဒါက ကိုယ့်ရဲ့ ခရီးစဉ်အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ပါပဲ။

၅။ ကိုယ့်ကို ထောက်ခံမယ့်သူရှိတယ်ဆိုရင်

- ကိုယ်လုပ်မယ့်အရာကို ထောက်ခံမယ့်သူ၊ မိသားစု၊ မိတ်ဆွေတွေ ရှိနေပြီဆိုရင် ဒါက ကိုယ့်ရဲ့ Transformation Journey အတွက် အားအင်တစ်ခုပါပဲ။

၆။ ကိုယ့်ကိုယ်ကို အကျိုးပြုတဲ့ စိတ်ထားရှိတယ်ဆိုရင်

- ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင်တွေထက် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ Healthy Mindset ရှိနေပြီဆိုရင် ဒါက Body Transformation အတွက် အရေးကြီးတဲ့ အချက်ပါ။

၇။ ရုပ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေပြီဆိုရင်

- လေ့ကျင့်ခန်းတွေ လုပ်ဖို့၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားဖို့ လုံလောက်တဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုရှိနေပြီဆိုရင် ဒါက ကိုယ့်ရဲ့ ခရီးစဉ်အတွက် အရေးကြီးတဲ့ အခြေအနေပါ။ ဒါ့အပြင်၊ ဒဏ်ရာတွေ ရှိနေရင် Rehab လုပ်ဖို့ လိုသလို၊ အရိုးအဆစ်တွေ မလှုပ်ရှားတာကြာပြီး ခုမှ စမယ်ဆိုရင် PreHab လုပ်ဖို့ လိုအပ်ပါတယ်။

၈။ ကြိုးစားပြီး Transform လုပ်ဖူးတယ်ဆိုရင်

- အရင်က ကြိုးစားဖူးပြီး စိတ်တိုင်းမကျသေးဘူးဆိုရင်လည်း၊ လမ်းကြောင်းအသစ်နဲ့ ပြန်စဖို့ အသင့်ဖြစ်နေပါပြီ။

၉။ အချိန်နဲ့ စွမ်းအင်တွေ ရှိနေပြီဆိုရင်

- Body Transformation အတွက် အချိန်ပေးဖို့၊ စိတ်ခွန်အားနဲ့ လူခွန်အားတွေ လိုအပ်သလို၊ ငွေကြေးအနေနဲ့လည်း လေ့ကျင့်ခန်းလုပ်ဖို့၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါတွေအတွက် အသင့်ဖြစ်နေပြီဆိုရင် Body Transformation လုပ်ဖို့ အချိန်ကောင်းပါပဲ။

၁၀။ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပြီဆိုရင်

- Body Transformation ဆိုတာ ချက်ချင်းရလဒ်ရတာမျိုး မဟုတ်ဘဲ၊ အတက်အကျတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ ဖြစ်စဉ်တစ်ခုဆိုတာ နားလည်ပြီး၊ ဒီခရီးကို ဖြတ်သန်းဖို့ စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေပြီဆိုရင် ဒါက ကိုယ့်အတွက် အသင့်ဖြစ်နေပါပြီ။

သတိထားရမယ့်အချက်

Body Transformation ဆိုတာ အင်္ကျီဆိုဒ်ပြောင်းရုံ၊ ခါးပတ်ပေါက်ရွှေ့ရုံနဲ့ မပြီးပါဘူး။ ဒါက ရေရှည်ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ အချိန်ယူပြီး ကြိုးစားရမယ့် ခရီးတစ်ခုပါ။ ကိုယ်ဖြစ်ချင်တာကို ရအောင် စိတ်ရှည်လက်ရှည် ကြိုးစားပါ။

 
 
 

Comments


bottom of page