top of page
info1589729

"ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့...."


 



(Self-love) မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဟာ ဘယ်လောက်အရေးကြီးတယ်လို့ ခံယူထားလဲ❓"


မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဟာ စိတ်ဓတ်ခွန်အားတွေကို မြှင့်တင်ပေးတဲ့ အရာလေးပါ... 💪🏼 မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဖြင့် နေ့စဥ်ဘဝမှာ ကောင်းမွန်တဲ့ အပြုအမူကောင်းလေးတွေကို ဖန်တီးနိုင်ပါတယ်...


နောက်ပြီး တစ်ပါးသူကို ချစ်မြတ်နိုးဖို့ဆိုတာ အရင်ဆုံး မိမိကိုယ်ကို ချစ်မြတ်နိုးဖို့ လိုအပ်ပါတယ်... မိမိမှာ ချစ်ခြင်းမေတ္တာတွေ၊ လေးစားမှုတွေ ပြည့်နေမှသာ တခြားသူတွေကို အဲ့ဒီ အရာတွေခွဲဝေပေးနိုင်မှာ ဖြစ်ပါတယ်...💞


မိမိကိုယ်ကို ချစ်မြတ်နိုးလာဖို့ ... 


✅ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...

ကိုယ့်ရဲ့ psychical ပိုင်းရော၊ mental ပိုင်းရော ဂရုစိုက်ပေးဖို့ Self-care daily routine လေးဖန်တီးပေးပါ... နေ့စဥ်ဘဝမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ပါ၊ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် နေပါ၊ အနားယူဖို့ အချိန်ပေးပါ၊ စိတ်အပန်းဖြေဖို့ တရားထိုင်ပါ... ဒီအရာလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြယ်မှုတိုးလာဖို့ အထောက်အကူပြုပေးပါတယ်... 😎


✅ကိုယ့်ကိုယ်ကို သေချာသိအောင်လုပ်ပါ...

ကိုယ်ဘယ်အရာတွေကို လုပ်ရတာကြိုက်တယ်၊ ဘယ်အရာတွေကို လုပ်ရတာမကြိုက်ဘူး ဆိုတာ သေချာသိအောင်လုပ်ပါ...🤔


✅ကိုယ့်ကိုယ်ကို သနားညှာတာပါ...

ကိုယ်မကြိုက်တဲ့ အရာတွေကို တခြားသူတွေက ကိုယ့်အပေါ် လာပြုမူနေရင်ဖြစ်စေ၊ အဲ့အရာတွေကို လုပ်ဖို့ ဖိအားပေးခံရရင် ဖြစ်စေ ကိုယ့်ကိုယ်ကို သနားညှာတာသောအားဖြင့် အားမနာဘဲ ယဉ်ကျေးစွာငြင်းဆိုတတ်ရပါမယ်...🙅🏻‍♀️


✅ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဥ်ပါနဲ့ 

လူတိုင်းရဲ့ အသွင်အပြင်တွေ၊ သွားတဲ့လမ်းကြောင်းတွေနဲ့ ကံတရားတွေ ဟာမတူညီကြပါဘူး... သူများတွေနဲ့ လိုက်ပြီးနှိုင်းယှဥ်နေတာဟာ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုတွေ တိုးစေနိုင်တာကြောင့် တခြားသူတွေနဲ့ မနှိုင်းယှဥ်ဘဲ ကိုယ့်ရဲ့ တိုးတတ်မှုတွေမှာပဲ အာရုံစိုက်ပေးပါ... ❗️


✅ချီးကျူးမှု ခံယူပါ....

ကိုယ့်ကိုယ်ကို ချီးကျူးစကားလေးတွေ ပြောပေးပါ၊ 🗣


✅ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ...

အတိတ်ကပြင်မရတော့တဲ့ အမှားတွေကို ခွင့်လွှတ်လိုက်ပြီး စိတ်ကိုအေးချမ်းအောင်နေပါ... 🤝


ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်လာအောင် ဒီနေ့ကစပြီး ဒီအချက်လေးတွေကို လေ့ကျင့်၊ ကျင့်သုံး ကြရအောင်နော်...🤗


8 views1 comment

1 Comment


Pyay Paing Phyo
Pyay Paing Phyo
Jul 30

Nice Article

Like
bottom of page