ကိုယ်ချစ်ရတဲ့သူနဲ့ တည်ဆောက်ထားတဲ့ Relationship တစ်ခုကို ရေရှည်ထိန်းသိမ်းထားချင်တဲ့အခါ Relationship ထဲမှာ ဒီအမူအကျင့်လေးတွေ လက်ခံကျင့်သုံးဖို့ လိုပါမယ်။
(၁) Empathy (စာနာမှု)
Relationship တစ်ခုမှာ စာနာမှု၊ ကိုယ်ချင်းစာတရားဟာ အင်မတန်အရေးကြီးပါတယ်။ “သူ့နေရာမှာ ငါသာဆိုလျှင်” ဆိုတဲ့ စိတ်လေးနဲ့ တစ်ယောက်ပေါ်တစ်ယောက် စာနာဖို့လိုတယ်။ အဲ့ဒီ့အခါမှသာ relationship တွေထဲမှာ တစ်ယောက်အပါ်တစ်ယောက် နာကျင်စေတဲ့ အပြုအမူတွေကို ရှောင်ကြဥ်နိုင်ပြီး ရေရှည် ဆက်ဆံရေးလေးတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
(၂) Honesty ( ရိုးသားမှု)
နောက်တစ်ခု အရေးကြီးတာကတော့ ရိုးသားမှုပါ။ Relationship ထဲမှာ တစ်ကြိမ်တစ်ခါလေးပဲ ရိုးသားမှုကို ဖောက်ဖျက်မိလိုက်ရင် trust issue တွေဖြစ်လာနိုင်ပြီး၊ သံသယစိတ်တွေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာနိုင်တာမလို့ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ partner အပေါ်ရိုးသားပေးကြပါ။
(၃) Maturity (ရင့်ကျက်မှု)
ရင့်ကျက်တယ်ဆိုတာ တစ်စုံတစ်ရာကို တာဝန်ယူမှုအပြည့်ဖြင့် သေချာစဥ်းစားဆင်ခြင်ပြီး ပြုမူနေထိုင်တတ်ခြင်းမျိုး ဖြစ်ပါတယ်။ Relationship တွေမှာ ရင့်ကျက်တဲ့ အမူအကျင့်လေးတွေ ရှိတယ်ဆိုရင်
အတိတ်က Relationship က ပြဿနာတွေကို လက်ရှိ relationship ထိ ယူဆောင်လာတာမျိုး အဖြစ်မခံဘူး၊
Relationship ထဲက ပြဿနာတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်၊
တစ်ယောက်ပေါ်တစ်ယောက် ရိုသေလေးစားမှု ရှိကြမယ်၊
(၄) Gratitude and appreciation (ကျေးဇူးတင်ခြင်းနှင့် အသိအမှတ်ပြုခြင်း)
ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာ ကျေးဇူးတင်စိတ်ရှိခြင်းနှင့် အသိအမှတ်ပြုပေးခြင်းတို့ဟာ Relationship တစ်ခုကို ရေရှည်တည်တံ့စေဖို့ အထောက်အကူပြုပေးနိုင်တဲ့ အလေ့အကျင့်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Relationship တွေမှာ
ကိုယ်ချစ်တဲ့သူကို ချစ်တယ်ပြောပြီး အသိအမှတ်ပြုပေးဖို့ မမေ့ပါနဲ့၊
ကိုယ့်ရဲ့ partner က ကိုယ့်အတွက် လုပ်ပေးတဲ့ အရာတွေအပေါ် ကျေးဇူးတင်ပေးပါ၊
(၅) Respect of boundaries (ကန့်သတ်မှုတွေကို တန်ဖိုးထားခြင်း)
တစ်ချို့ relationships တွေမှာ ကိုယ်နဲ့ကိုယ့်ရဲ့လက်တွဲဖော်ကြားမှာ boundaries တွေမရှိဘူးဆိုပြီး အယူအဆအမှားတွေ ရှိနေတတ်ပါတယ်။ အဲ့လိုမျိုး တစ်ယောက် boundary ကို တစ်ယောက် အလေးမထားဘဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပြီး relationship ထိန်းသိမ်းတည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် reltaionship တွေတည်မြဲဖို့ဆို ကိုယ့် partner ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ ရည်မှန်းချက်တွေ၊ ဝါသနာတွေကိုလည်း တန်ဖိုးထားပေးသင့်ပါတယ်။
ဒီလိုအမူအကျင့်ကောင်းလေးတွေကို လက်တွဲဖော်နှစ်ယောက်စလုံးက balance ညီညီ ကျင့်သုံးပေးတဲ့အခါ healthy ဖြစ်တဲ့ relationship လေးကို တည်ဆောက်နိင်ပြီး ရေရှည်လက်တွဲသွားနိုင်ဖို့ အများကြီးအထောက်အကူ ဖြစ်စေမှာပါ။
Commentaires