
📌“စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကနေ ပြန်လည်လွတ်မြောက် ရှင်သန်ခြင်းရဲ့အစ Counselling က”
ကျွန်မတို့တွေဟာ ခန္ဓာကိုယ် နေမကောင်းဖြစ်တဲ့အခါမှာ ဆေးခန်းသွားပြရသလိုပဲ စိတ်လေးနေမကောင်းဖြစ်တဲ့အခါမှာလည်း professionals တွေနဲ့ counselling လေးတွေလုပ်ပြီး ဆွေးနွေးအဖြေရှာမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
‼️အနာသိမှ ဆေးသိမယ် ဆိုသလိုပဲ ရောဂါတိုင်းမှာ ထိထိရောက်ရောက် ကုသမှုခံယူဖို့ဆိုရင် ကိုယ်ခံစားနေရတဲ့ ရောဂါတွေကို သေချာသိဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေတောင်မှ ကုသမှုတွေလုပ်ဖို့ တစ်ခါတစ်ရံမှာ “ဘာရောဂါဖြစ်နေတယ် ဆိုတာမျိုး” စစ်ဆေးရသလိုပါပဲ စိတ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ပြဿနာတွေကိုလည်း အဖြေရှာဖော်ထုတ်ဖို့ အရေးကြီးပါတယ်။
စိတ်ရဲ့ သဘော သဘာဝဟာ ရှုပ်ထွေးပြီး နားလည်ရခက်တာမို့လို့ ကိုယ့်ကိုယ်ကို ရှာမတွေ့တာမျိုးတွေ၊ ကိုယ့်ရဲ့ စိတ်ပြဿနာတွေနဲ့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ လက်ခံသိမ်းဆည်းထားမိတဲ့ စိတ်ဒဏ်ရာ အထုပ်အပိုးတွေကို တစ်ယောက်တည်း အဖြေရှာမရတဲ့အခါ counselling ယူပြီး ဆွေးနွေးအဖြေရှာမှုတွေ လုပ်ပေးလို့ရပါတယ်။✅
‼️Counselling လုပ်တယ်ဆိုတာ ခံစားနေရတာတွေကို နားထောင်ပေးရုံသက်သက်ပဲ မဟုတ်ပါဘူး။ စိိတ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကိုယ်တိုင်အဖြေရှာတွေ့ဖို့ စိတ်ပညာပေါ်မှာ အခြေခံထားတဲ့ technique တွေကိုသုံးပြီး professionals တွေက ကူညီဆွေးနွေးပေးတာမျိုးဖြစ်ပါတယ်။
ဒီလို counselling တွေလုပ်ပြီး ကိုယ့်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ရဲ့ပြဿနာတွေကို ကိုယ်တိုင်ရှာဖွေသိရှိသွားတဲ့အခါ ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတဲ့နည်းလမ်းတွေကို ချဥ်းကပ်လာနိုင်ပြီး စိတ်ပြဿနာတွေကနေ ပြန်လည် လွတ်မြောက်ရှင်သန်လာနိုင်မှာပဲ ဖြစ်ပါတယ်။ 🤗
Comments