top of page
Search

စိတ်ပိုင်းဆိုင်ရာမှာ အပြန်အလှန်ကူညီပေးဖို့ဆိုရင် တစ်ဦးကိုတစ်ဦး "ကြင်နာမှု"လေးတွေပြပေးဖို့ပဲ လိုတာပါ.....

  • Writer: Honest Hour
    Honest Hour
  • Sep 25, 2024
  • 1 min read


သူစိမ်းဖြစ်စေ၊ သွေးသားဖြစ်စေ တခြားသူတစ်ယောက်ကို ကောင်းစေချင်တဲ့စိတ်ကလေးက စေတနာ၊ မေတ္တာ၊ တစ်နည်းအားဖြင့် ကြင်နာမှုပဲမဟုတ်လား…


ကျွန်မတို့တွေရဲ့စိတ်အရင်းခံမှာ သနားညှာတာတတ်မှုတွေ၊ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာတွေက လုပ်ယူဖန်တီးစရာမလိုလောက်အောင် ပါဝင်ကြပြီးသားပါ။ မကောင်းတာတွေ၊ သတင်းဆိုးတွေကြားရမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်ရပြီး၊ ဝမ်းနည်းအားနာမိသလို၊ ကိုယ့်ဘက်ကကူညီခြင်း အားပေးနှစ်သိမ့်ခြင်းတွေနဲ့လည်း အတတ်နိုင်ဆုံးကြိုးစားပေးကြစမြဲပေါ့။


ဒီလိုကြင်နာမှု “Kindness” က ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာအရေးပါသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ဒီနောက်ပိုင်းအပြောများလာတဲ့ နည်းလေးတစ်ခုလိုပေါ့…ကိုယ်တိုင်ပျော်ရွှင်မှုကို မရှာတတ်တော့တဲ့အခါ တခြားတစ်ယောက်ကို ပျော်ရွှင်စေလိုက်ပါတဲ့။ ဒီလိုပါပဲ ကျွန်မတို့ပြသလိုက်တဲ့ ကြင်နာမှုကလည်း တစ်ဖက်သားအတွက် ပျော်ရွှင်စရာကျေနပ်စရာဖြစ်သွားနိုင်ပါတယ်။ 


ဒီတော့ Kindness က Mental Health ကိုဘယ်လိုများအကျိုးပြုစေမှာလဲ…⁉️


🌱စိတ်ဓာတ်ကျတာကိုသက်သာစေပြီး Mood Boost ဖြစ်စေပါတယ်။ ကိုယ်တိုင်ကဘာမှမလုပ်နိုင်လို့ စိတ်ညစ်နေမိတာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိတာဆိုရင် တစ်ယောက်ယောက်ကို ကူညီခြင်းအားဖြင့် ကြင်နာမှုကိုပြကြည့်ပါ။ 


🌱ဦးနှောက်ကနေ Endorphins ထုတ်လွှတ်ပေးတာကြောင့် သေချာပေါက် Stress လျော့နည်းစေပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနဲ့ အကောင်းမြင်စိတ်ကိုလည်း မြင့်တက်စေပါတယ်။ 


🌱ဒီထက်ပိုတာကတော့ Social connection အားကောင်းစေတာပါပဲ။ လူချစ်လူခင်ပေါတာ၊ မိတ်ဆွေအပေါင်းအသင်းများတာက ကိုယ့်ကိုချစ်ကြခင်ကြတဲ့ ချစ်ခြင်းမေတ္တာအသွားအပြန်တွေပဲမဟုတ်လား။ 


Kindness ကိုဖော်ပြခြင်းမှာလည်း ရုပ်ဝတ္ထုပစ္စည်းမှ၊ ငွေကြေးမှရယ်လို့လည်းမဟုတ်ပါဘူး။ စကားလုံးအားဖြင့်ဖြစ်စေ၊ အကြည့်အားဖြင့်၊ ပွေ့ဖက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့စိတ်လေးကိုအကောင်းဆုံး ဖွင့်ပြနိုင်တယ်လေနော်။ ကျေးဇူးတင်တယ်၊ ဒီဝတ်စုံလေးနဲ့လှလိုက်တာနော်၊ ဒီနေ့လုပ်ခဲ့တာအရမ်းကောင်းတာပဲ ဒါတွေက Kindness ပဲပေါ့။ 


တစ်ခါတလေမှာ ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုပျောက်ဆုံးတဲ့အခါ ချစ်ရသူတွေဆီမှာပြန်တွေ့ရတတ်ပါတယ်။ ကိုယ်ပေးခဲ့တဲ့ ကြင်နာမှု၊ မေတ္တာတရားတွေနဲ့အတူ The old me ကဒီလူတွေရဲ့ စိတ်နှလုံးသားထဲမှာရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်းကြင်နာမှုကိုဖော်ပြရင်း ကိုယ့်ဆီရောက်လာတဲ့ ကောင်းခြင်းတွေကိုလည်းရင်ဖွင့်လက်ခံရင်း ပိုကောင်းမွန်တဲ့ Social circle လေးကို အတူတည်ဆောက်ရအောင်နော် ♥️


“𝐀 𝐰𝐚𝐫𝐦 𝐬𝐦𝐢𝐥𝐞 𝐢𝐬 𝐭𝐡𝐞 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐨𝐟 𝐤𝐢𝐧𝐝𝐧𝐞𝐬𝐬.” — 𝐖𝐢𝐥𝐥𝐢𝐚𝐦 𝐀𝐫𝐭𝐡𝐮𝐫 𝐖𝐚𝐫𝐝


 
 
 

Comments


bottom of page