top of page
info1589729

ညဘက်မှာ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေနိုင်ဖို့ နည်းလမ်းကောင်းလေးများ...😴



"🌃ညဘက်ဟာ တစ်နေ့တာလုံး ပင်ပန်းထားသမျှကို အိပ်စက်ခြင်းဖြင့် ပြန်လည်အနားယူအားဖြည့် ပေးဖို့ အကောင်းဆုံး အချိန်ပါပဲ…✅ညဘက်မှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်နိုင်ဘဲ၊ မနက်လင်းခါနီးမှ အိပ်ပျော်သွားတာ၊ အိပ်ပျော်ဖို့ တော်တော်ကြိုးစားယူနေရတာ😖စတဲ့အိပ်မပျော်နိုင်တဲ့ အခြေအနေတွေကြုံနေရတဲ့အခါမျိုးမှာ ခန္ဓာကိုယ် နဲ့ ဦးနှောက်ဟာ လုံလောက်စွာ အနားမယူရတဲ့အတွက် မနက်အိပ်ယာထလာရင် လန်းဆန်းမနေဘဲ ပင်ပန်းနွမ်းနယ်နေသလိုခံစားရပြီး နေ့တစ်နေ့ကို ပြန်လည်စတင်ဖို့ အားအင်တွေကုန်နေတတ်ပါတယ်....😩”


“ဒါ့ကြောင့် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်သွားနိုင်ဖို့ 


🌀မအိပ်ခင် အတွေးတွေကို သတိထားပါ💭၊တစ်ခါတစ်လေ အိပ်မပျော်နိုင်တာဟာ အိပ်ခါနီးမှာ အတွေးပေါင်းစုံဝင်လာပြီး အဲ့ဒီ့အတွေးတွေကို မရပ်တန့်နိုင်တာကြောင့်ပါ💬ဒါကြောင့် အိပ်ခါနီးမှာ နောက်နေ့လုပ်ရမဲ့ အရာတွေကိုတွေးနေတာမျိုး၊ မဖြစ်လာသေးတဲ့အရာတွေ၊ အနာဂတ်အကြောင်းတွကို ကြိုတွေးနေတာမျိုး မလုပ်ဘဲ 🚫စိတ်ကို ငြိမ်အောင် ထားပေးပါ…☺️


🌀အတွေးတွေကို ထိန်းလို့မရဘူး၊ စိတ်ငြိမ်အောင်ထားလို့မရဘူးဆို အိပ်နေတဲ့အနေအထားနဲ့ ကိုယ့်ရဲ့ဝင်လေ၊ ထွက်လေအပေါ်အာရုံစိုက်ပြီး တရားမှတ်ကြည့်ပါ...🌬️✨


🌀scented candles လေးတွေရဲ့ အနံ့ဟာ စိတ်ကိုအပန်းပြေစေပြီး အိပ်ချင်စိတ်ကို မြှင့်တင်ပေးတဲ့အတွက် အိပ်ခါနီး အခန်းအပူချိန်လျှော့ထားတဲ့ အခန်းထဲမှာ Scented candles လေးတွေထွန်းပြီး စိတ်လေးကိုဖြေလျှော့ပြီး လှဲနေပါ၊ 🪔အိပ်ချင်လာတဲ့ အခါ candle လေးကိုမီးမှုတ်ပြီး စိတ်ချလက်ချအိပ်နိုင်ပါတယ်💤


🌀အိပ်ရာထဲမှာ စာအုပ်ဖတ်ပေးတာဟာ စိတ်ငြိမ်စေပြီး အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အတွက် ကိုယ်ကြိုက်နှစ်သတ်တဲ့စာအုပ်အမျိုးအစားလေးတွေကို အိပ်ရာထဲမှာ သက်တောင့်သက်သာ လှဲအိပ်ပြီး ဖတ်ပေးပါ...📚🛏️


🌀စာအုပ်ဖတ်ရမှာ ပျင်းတယ်၊ ကိုယ်က သူများစာအုပ်ဖတ်ပြတာလေးတွေနားထောင်ပြီး အိပ်တတ်တဲ့ သူမျိုးဆို Audio-book channel လေးတွေကနေ စာအုပ်ဖတ်ပြတဲ့ Audio လေးတွ အိပ်ရာထဲမှာ နားထောင်ပြီး အိပ်ကြည့်ပါ 🎧📚


🌀အပန်းပြေစေမဲ့ သီချင်းအေးအေးလေးတွေစုထားတဲ့ playlist လေးဖွင့်ပြီး အိပ်ကြည့်ပါ....🎶

“ဒီနည်းလမ်းလေးတွေကိုသုံးပြီး ညဘက်မှာ လုံလောက်စွာ ကောင်းကောင်းအိပ်စက် အနားယူပေး ခြင်းဖြင့် 💤တစ်နေ့တာလုံး အလုပ်လုပ်နေရတာကြောင့် ပင်ပန်းနေတဲ့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်၊စိတ်နဲ့ ဦးနှောက်တို့ ကို ပြန်လည်ကုစားနိုင်ပြီး နောက်တစ်နေ့ကို တတ်တတ်ကြွကြွ ပြန်လည်စတင်နိုင်ပါလိမ့်မယ်⚡️”


0 views0 comments

Opmerkingen


bottom of page