top of page

တွေ့ဆုံ၊ ကြုံကွဲ ဖြစ်မြဲ ဓမ္မတာ.....

Writer: Honest HourHonest Hour


🍃“တွေ့ဆုံ၊ ကြုံကွဲ ဖြစ်မြဲ ဓမ္မတာ” တဲ့။



 🌻ဘဝမှာ လူတွေ အများကြီးနဲ့ ဆုံတွေ့ ပတ်သက်ရလိမ့်မယ်။

ဆုံတွေ့မှုတိုင်းမှာလည်း သူ့အကြောင်းတရားနဲ့သူ ရှိတယ်။



လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်းဟာ ရေစက်ရှိလို့လည်း ဆုံကြရသလို ဝဋ်ကြွေးပါရင်လည်း ဆုံစည်းရတတ်ပါတယ်။



 🌻ရေစက်ပါလို့ ဆုံသည်ဖြစ်စေ၊ ဝဋ်ကြွေးပါလို့ ဆုံသည်ဖြစ်စေ ရေစက်တွေ ကုန်တဲ့ တစ်နေ့၊ ဝဋ်ကြွေးတွေ ကျေတဲ့ တစ်နေ့ ခွဲခွါကြရတာချည်းပါပဲ။



 🌻ခွဲခွါခြင်းမှာ သေကွဲရော၊ ရှင်ကွဲရော နှစ်မျိုးစလုံး ပါတာပေါ့။ ကိုယ်ချစ်တဲ့သူတွေနဲ့လည်း တစ်နေ့မဟုတ် တစ်နေ့ ခွဲခွါရမယ်။ ကိုယ်မုန်းတဲ့သူတွေနဲ့လည်း တစ်နေ့မဟုတ် တစ်နေ့ခွဲခွါရမှာပဲ။ ဒီနေရာမှာ သေကွဲထက် ရှင်ကွဲ ခွဲခွါခြင်းတွေအတွက် အဓီကပြောပြချင်ပါတယ်။



 🌻လမ်းခွဲခြင်းတိုင်းက နာကျင်ရပါတယ်။ ချစ်တဲ့သူနဲ့ ဖြစ်ဖြစ်၊ မုန်းတဲ့သူနဲ့ဖြစ်ဖြစ် ဘယ်လိုလမ်းခွဲခြင်းမဆို နာကျင်ရပါတယ်။ အထူးသဖြင့်တော့ ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲရခြင်းဟာ ပိုပြီး နာကျင်ရပါတယ်။ ချစ်သူရည်းစား ဖြစ်ချင်ဖြစ်မယ်၊ အိမ်ထောင်ဖက် ဖြစ်ချင်ဖြစ်မယ်ပေါ့။



မလွှဲရှောင်သာလို့ မဖြစ်မနေ လမ်းခွဲရတဲ့အခါ နှစ်ဦးနှစ်ဖက် အထိအခိုက် နည်းတဲ့လမ်းကို ရွေးဖို့လိုတယ်။ ကောင်းသော နှုတ်ဆက်ခြင်းတွေအဖြစ် ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ ကျန်ရှိတဲ့ ဘဝလက်ကျန်အချိန်တွေကို အမုန်းတရားတွေ၊ နာကျည်းမှုတွေ၊ ပူဆွေးသောကတွေနဲ့ မဖြတ်သန်းရမှာဖြစ်ပါတယ်။

 
 
 

Comentarios


bottom of page