
“နေ့စဥ်လှုပ်ရှားမှုတွေမှာ Anxiety ကိုပိုဆိုးသွားစေနိုင်တဲ့ အလေ့အကျင့် အမှားတွေ လုပ်မိနေပြီလား❓”
Anxiety ဟာအလွန်အမင်း ကြောင့်ကြ၊ စိုးရိမ်ပူပန်နေတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်... 😰
နေ့စဥ်လှုပ်ရှားမှုတွေထဲမှ အလေ့အကျင့် အမှားတွေဟာ anxiety ခံစားရတာကို ပိုဆိုးသွားစေနိုင်ပါတယ်... ⚠️
ဒါ့ကြောင့် ကိုယ်ဟာ anxiety ကိုခံစားနေရတဲ့ သူတစ်ယောက်ဆိုရင် anxiety ပိုဆိုးမလာအောင် အလေ့အကျင့် အမှားတွေကို သတိပြုရှောင်ကြဉ်ပြီး နေ့စဥ်ဘဝကို မှန်ကန်တဲ့ အလေ့အကျင့်လေးတွေနဲ့ ဖြတ်သန်းဖို့ အရေးကြီးပါတယ်✅
Anxiety ကို ပိုဆိုးသွားစေနိုင်တဲ့ အလေ့အကျင့် အမှားလေးတွေဖြစ်တဲ့
🔺အစားအစာကို နပ်မှန်အောင် အချိန်မှန်မှန်မစားဘဲ တစ်နပ်စာကျော်စားတာ၊ အဆာခံပြီး စားချင်တဲ့ အချိန်မှစားတာ🍽️🚫
🔺အိပ်ချိန်မှန်မှန်မအိပ်တာ၊ လုံလောက်စွာ အိပ်စက်အနားယူတာမျိုး မလုပ်တာ၊ 💤🚫
🔺ခန္ဓာကိုယ်ကို လှုပ်ရှားမှုမပြုဘဲ အမြဲတမ်း အိပ်နေတာ၊ အထိုင်များတာ🚫
🔺ကဖိန်းဓတ်ပါတဲ့ ကော်ဖီတွေ အလွန်အကျွံသောက်တာ☕️
🔺Alcohol သုံးစွဲတာ၊ 🥃
🔺သဘာဝ အစားအစာ တွေမှတစ်ဆင့် ကြာရှည်ခံအောင် အဆင့်ဆင့် ပြုလုပ်ထားတဲ့ ready-made food တွေကို စားသုံးတာ... 🥫
စတဲ့ အလေ့အကျင့်အမှားတွေဟာ Anxiety ကိုပိုမို လှုံ့ဆော်ပေးတဲ့အတွက် ဒီအလေ့အကျင့်မှားလေးတွေကို သတိပြုရှောင်ကြဉ်သင့်ပါတယ်...
Comments