မျိုးဆက်ပွားကျန်းမာရေးနှင့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ....
- Honest Hour
- Apr 26
- 1 min read

🌱 မျိုးဆက်ပွါး ကျန်းမာရေးလို့ ပြောရင် လူတစ်ချို့က အခုထိ နှာခေါင်းရှုံ့နေကြတုန်းပါ။ ကလေးတွေကို ငယ်စဉ်ကတည်းက မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်လို့ သင်ကြားပေးရကောင်းမှန်း မသိတဲ့အပြင် ကျောင်းပညာရေးမှာလည်း မျိုးဆက်ပွါး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို သင်ကြားပေးနေတဲ့သူတွေက ရှက်စရာလိုလို၊ ရွံစရာလိုလို လုပ်နေကြတုန်းပါ။ ဒါဟာ စိတ်မကောင်းစရာပါပဲ။
🌱 တကယ်က လိင်မှုကိစ္စဆိုတာ အရွယ်ရောက်ပြီးသူမှန်သမျှ ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စဖြစ်တာမို့ သူတို့စိတ်နဲ့သူတို့ လက်တည့်စမ်းကြ၊အတွေ့အကြုံရှာကြတဲ့အခါ မျိုးဆက်ပွားကျန်းမာရေးအကြောင်း နားလည်သဘောပေါက်ထားတဲ့ ဆယ်ကျော်သက်တွေဟာ မိမိကိုယ်မိမိ ကာကွယ်နိုင်ပြီး လုံခြုံဘေးကင်းတဲ့ ပျော်ရွှင်မှုကို ရယူနိုင်ပြီး မိမိကိုယ်မိမိရော ပတ်ဝန်းကျင်ကိုပါ မထိခိုက်အောင် ပိုပြီး ထိန်းသိမ်းနိုင်ကြပါတယ်။
‼️ ဒါကြောင့်မိုလို့ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်လို့ ကလေးအရွယ်တည်းကစပြီး သင်ကြားပေးသင့်တယ်။ မိမိရဲ့ ခန္ဓာကိုယ် အပြောင်းအလဲ၊ စိတ်အပြောင်းအလဲတွေအကြောင်း သေသေချာချာ နားလည်အောင် သင်ထားပေးမှသာ နောက်ဆက်တွဲ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
‼️ ဒီလိုမှမဟုတ်ဘဲ မျိုးဆက်ပွါးကျန်းမာရေးကို လွဲမှားစွာ သင်ကြားခံခဲ့ရတဲ့ လူငယ်တွေမှာ လမ်းမှားရောက်နိုင်ခြေပိုများပြီး အရွယ်မတိုင်ခင် ကိုယ်ဝန်ရတာ၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်တာ၊ လိင်မှုကိစ္စတွေအပေါ် အလွန်အကျွံပြုလုပ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
➡️ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ခံစားလာရနိုင်ပါတယ်။
🔹ကြောက်ရွံ့ခြင်း
🔹စိုးရိမ်ပူပန်ခြင်း
🔹အာရုံမစိုက်နိုင်ခြင်း
🔹စိတ်အပြောင်းအလဲမြန်ခြင်း
🔹စိတ်ဖိစီးမှုများခြင်း
🔹စိတ်ဓာတ်ကျဆင်းခြင်း
🔹မိမိကိုယ်မိမိ ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်း
🔹သေကြောင်းကြံစည်ခြင်း စတာတွေကို ကြုံတွေ့ရင်ဆိုင်ရနိုင်ပါတယ်။
‼️ ဒီလိုလက္ခဏာတွေကို စတင်ပြီး ကြုံတွေ့လာရပြီဆိုရင်တော့ မိမိကိုယ်တိုင်သတိပြုမိဖို့ လိုအပ်သလို မိမိရဲ့ ဘေးပတ်ဝန်းကျင် မိသားစုကလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။ အထက်ပါ လက္ခဏာတွေကို စတင်ခံစားလာရတာနဲ့ မိမိကိုယ်မိမိ အသိအမှတ်ပြုပေးပါ။ ခံစားချက်တွေကို လက်ခံပေးပါ။ ယုံကြည်ရတဲ့ မိသားစုဝင်တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့် တိုင်ပင်ပါ။ လိုအပ်ရင် တတ်ကျွမ်းနားလည်တဲ့ မျိုးဆက်ပွါး ကျန်းမာရေး ဆရာဝန်တွေ၊ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ဆွေးနွေးကုသမှုကို ခံယူဖ်ို့ လိုအပ်ပါတယ်။
✅ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ၊ မိမိနှစ်သက်ရာ ဝါသနာတစ်ခုခုနဲ့ အစားထိုးကြည့်တာ၊ self-care သေချာပြုလုပ်ပေးတာမျိုးတွေကလည်း မျိုးဆက်ပွါးကျန်းမာရေးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။
Kommentare