top of page
Search

မျိုးဆက်ပွားကျန်းမာရေး Vs စိတ်ကျန်းမာရေး.....

  • Writer: Honest Hour
    Honest Hour
  • Apr 18
  • 1 min read


‼️ မျိုးဆက်ပွါး ကျန်းမာရေးဟာ လူသားတစ်ယောက်က အစပြုလို့ မိသားစုတစ်ခု၊ society တစ်ခု၊ နိုင်ငံတစ်နိုင်ငံမှသည် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

➡️ မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သက်လို့ ကျားရောမပါ နှစ်ဦးနှစ်ဖက်သိထားသင့်တဲ့ အဓိကကျတဲ့အချက်တွေကတော့ (၁) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ (၂) မျိုးဆက်ပွါး ကျန်းမာရေး၊ (၃) လိင်ပိုင်းဆိုင်ရာ အခွင့်အရေးများနဲ့၊ (၄) မျိုးဆက်ပွါးဆိုင်ရာ အခွင့်အရေးတွေ ပါဝင်ပါတယ်။

✅ မျိုးဆက်ပွါးကျန်းမားရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာအရည်အသွေး ပြည့်ဝတဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု၊ အကျပ်ကိုင်မှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတို့ ကင်းဝေးပြီး ကလေးယူမယူ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေး၊ အားလုံးအတွက် အကျုံးဝင်တဲ့ မိသားစုစီမံချက်၊ သားဆက်ခြားနည်းလမ်းများ လက်လှမ်းမီရရှိရေးစတဲ့ အချက်တွေဟာ လူသားအားလုံးရဲ့ လူမှုဘဝများ တိုးတက်မြင့်မားရေးနှင့် လူမှုအသိုက်အဝန်းများအတွင်း ပျော်ရွှင်သာယာသော မိသားစု ဘဝများ တည်ဆောက်နိုင်ရေးတို့ ပါဝင်ပါတယ်။

✅ စိတ်ကျန်းမာရေးဆိုတာကတော့ မိမိရဲ့ တစ်ကိုယ်ရည် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု၊ စိတ်ခံစားချက်တွေကို ကိုင်တွယ်ထိန်းချုပ်နိုင်မှု၊ မိမိဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ကိုငါနိုင်မှု၊ အလုပ်နဲ့ မိသားစုဘဝ မျှတသာယာမှု၊ မိမိရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှု စတာတွေ ပါဝင်ပါတယ်။

➡️ မျိုးဆက်ပွါးကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ ဆက်စပ်မှု ရှိသလားမေးရင် သေချာပေါက်ကို တစ်ခုနဲ့တစ်ခုက ချိတ်ဆက် ဆက်နွယ်နေကြပါတယ်။ ဥပမာအနေနဲ့ မိမိရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်နေတယ်ဆိုရင် မျိုးဆက်ပွါး ကျန်းမာရေးမှာ မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်မယ်။ ဘေးကင်းလုံခြုံသာယာပျော်ရွှင်မှုကို ဖန်တီးနိုင်မယ်။ သာယာပျော်ရွှင်ရတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်နိုင်မယ်။ တစ်ဖက်မှာလည်း မျိုးဆက်ပွါးကျန်းမာရေးနဲ့ လိင်ကိစ္စတွေမှာ ကောင်းမွန်စွာ စွမ်းဆောင်နိုင်တာကြောင့် စိတ်ကျန်းမာရေးကိုလည်း ပိုပြီး ကောင်းမွန်စေပါတယ်။

‼️ ဒါကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုသလို မျိုးဆက်ပွါးကျန်းမာရေးကိုလည်း အလေးထား ဂရုစိုက်ဖို့ လိုပါတယ်။ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲ လေ့လာလိုက်စားဖ်ို့ လိုပါတယ်။ ဒါမှသာ စိတ်ကျန်းမာရေးနဲ့ လိင်မှုကိစ္စတွေဟာ ဟန်ချက်ညီမှာ ဖြစ်ပါတယ်။

‼️ တစ်ခါတလေမှာတော့ ပြဿနာအခြေအနေကိုကြည့်ပြီး စိတ်ကျန်းမာရေးကို အရင် heal လုပ်ဖို့ လိုတဲ့အခါရှိတတ်သလို၊ တစ်ခါတလေ မျိုးဆက်ပွားကျန်းမာရေးအပေါ် အထူးဂရုပေးဖို့လိုတဲ့အခြေအနေတွေရှိတတ်ပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံငုံပြီး ပြောရရင်တော့ စိတ်ကို အရင်ပြင်လိုက်ရင် ကျန်တာတွေကို စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကို ပိုပြီး အလေးပေး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။

 
 
 

Comments


bottom of page