top of page
Search

လူရှေ့ထွက်ရမှာ အလွန်အမင်းစိုးရိမ် နေမိပြီလား❓

  • Writer: Honest Hour
    Honest Hour
  • Aug 7, 2024
  • 1 min read


Social Anxiety disorder (သို့) social phobia ဆိုတာဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ အလွန် စိတ်မသက်မသာ ဖြစ်တာ၊  လူရှေ့ထွက်ပြီး စကားပြောရတဲ့ အချိန်မှာ အလွန်အမင်း ရှက်ကြောက်တာ၊ လူတွေကိုယ့်ကို စောင့်ကြည့်နေမှာ ကြောက်တာ၊  ဝေဖန် အပြစ်တင်ခံရမှာ ကြောက်တာ၊ လူကြားထဲမှာ ကိုယ့်ကိုဦးတည်လာတဲ့ မေးခွန်းတွေကို ပြန်ဖြေရတဲ့ အခါ လက်တွေတုန်၊ ချွေးတွေစို့လာတဲ့အထိ ကြောက်ရွံ့တာ၊ စတဲ့ အခြေအနေမျိုးလေးတွေ ဖြစ်ပေါ်တာမျိုးကို ဆိုလိုပါတယ်...


အဆိုပါ လူကြောက်တဲ့ ရောဂါဟာ ကိုယ်နေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ငယ်ဘဝကကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်တဲ့ trauma တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတစ်မျိုးပါ... ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းဟာ ဝေဖန်ပြစ်တင်နေတတ်တဲ့ ပတ်ဝန်းကျင်မျိုးဆို ကိုယ်ဟာ အမှားလုပ်မိမှာတွေပြီး အလွန်အမင်းစိုးရိမ်နေတတ်ပါတယ်၊ လူတွေက ကိုယ်ပြုမူလိုက်တဲ့ အရာတွေကို ဝေဖန်ကဲ့ရဲ့နေမှာ စိုးရိမ်ကြောက်ကြနေတတ်ပါတယ်😰…


ငယ်ဘဝမှာ အနိုင်ကျင့်ခံရတာမျိုးတွေ၊ လှောင်ပြောင်သရော်ခံရတာမျိုးတွေ၊ ကိုယ့်ရဲ့ အတွေးတွေ၊ စကားတွေကို အရာမသွင်းဘဲ အငြင်းပယ်ခံရတာမျိုးတွေ စတဲ့ ငယ်ဘဝကစိတ်ဒဏ်ရာတွေဟာလည်း လူကြောက်တဲ့ရောဂါကို ဖြစ်ပေါ်စေပါတယ်...❗️


Social phobia သက်သာလာစေဖို့


  • negative သဘောဆောင်တဲ့ အတွေးတွေ (သူငါ့ကို ဘယ်လိုထင်နေမလဲ၊ ငါလုပ်နေတာတွေကို အပြစ်ပြောတော့မှာလား) စတဲ့ အတွေးတွေကို သတိထားပြီးရပ်တန့်ပေးပါ✋🏻၊


  • စိတ်ကို တည်ငြိမ်စေဖို့ အသက်ရှုတဲ့လေ့ကျင့်ခန်းလေး တွေလုပ်ပေးပါ 🧘🏻‍♀️၊


  • ကိုယ်စိတ်ဝင်စားတဲ့ အရာတွေအပါ်အာရုံစိုက်ပါ🎨၊ 


  • ကိုယ့်ကိုနွေးထွေးမှုတွေ၊အားပေးမှုတွေ ပေးပြီးဖေးမပေးနိုင်တဲ့ ရပ်ဝန်းမှာနေပါ 🫂၊


  • မှန်ကန်တဲ့ ကုထုံးတွေခံယူပါ✅…

 
 
 

Comments


bottom of page