top of page

အကွာအဝေးတွေကြောင့် ချစ်သူနှစ်ဦးကြားမှာ ပိုပြီး သွေးအေးသွားစေနိုင်လား?

info1589729


ချစ်သူနှစ်ဦးကြားမှာ အကွာအဝေးတွေကြောင့် ပိုပြီးသွေးအေးစေနိုင်လား…ဝေးစေနိုင်လား 💔

ဒီကာလတွေမှာ ရည်စားရှိသူအတော်များများ မလွဲမသွေရင်ဆိုင်ရတာကတော့ LDRS ဘဝပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ကောင်လေးဖြစ်စေ၊ ကောင်မလေးဖြစ်စေ နိုင်ငံခြားသွားရတာမျိုး၊ နှစ်ယောက်လုံးကတစ်ယောက်တစ်နိုင်ငံစီ သွားဖြစ်တာမျိုးနဲ့ ချစ်သူဘဝအခြေအနေတွေက နေ့ချင်းညချင်း ပြောင်းလဲသွားကြပါတယ်။

မသွားခင်မှာအတူညှိနှိုင်းကြ၊ ကတိတွေပေးကြနဲ့ စိတ်ချထားရပေမယ့် တကယ်တမ်းဝေးကြတဲ့အခါ အတွေးလွန်တာတွေ၊ Emotional ဖြစ်လွန်းသွားတာတွေကို အတော်လေးရင်ဆိုင်ရတာမျိုးနော်။

🍂ငါကပဲသံသယများလွန်းနေတာလား၊ ငါကပဲသူ့ကိုစွဲလမ်းလွန်းပြီး စိတ်မချဖြစ်နေတာလား၊ ငါကဘာလို့ စိတ်လုံခြုံမှုမရတာလဲ ဆိုပြီးကိုယ့်ကိုယ်ကိုပြန်အပြစ်တင်မိတာတွေ၊ အဖြေရှာရတာတွေရှိသလို၊

🍂တစ်ဖက်မှာအလုပ်များနေတဲ့၊ ကျောင်းတက်နေတဲ့ ချစ်သူကိုလည်း မချစ်တော့ဘူးလား၊ ဘယ်သူတွေနဲ့ရှိနေတာလဲ၊ ဘာလို့စာမပို့တာလဲ စတာတွေနဲ့ ပြဿနာသွားရှာမိတတ်ပါသေးတယ်။

ဆိုတော့ Healthy Relationship လေးတည်ဆောက်ဖို့၊ နှစ်ယောက်သား စိတ်ပင်ပန်းရတာတွေ နားလည်မှုလွဲရတာတွေ ထပ်မဖြစ်ဖို့ အောက်ကအချက်လေးတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

💟အဆက်အသွယ်မပြတ်ရှိနေတာ- Video call နဲ့စကားပြောနေမှမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေပြတ်မသွားဖို့ ပွင့်ပွင့်လင်းလင်းပြောပြတာ၊ လွမ်းနေကြောင်း အထီးကျန်နေရကြောင်းရင်ဖွင့်တာမျိုးတွေ၊ ရှေ့ဆက်မယ့် Plan ကို အတူချထားတာမျိုးတွေလည်း ရှိနေသင့်ပါတယ်။

💟တွေ့နိုင်ဖို့ကြိုးစားတာ- အခြေအနေအရ ၁လတစ်ခါမတွေ့နိုင်ရင်တောင် Anniversary တို့၊ Birthday တို့မှာတွေ့ဖို့ကြိုးစားနိုင်သလို၊ Online ကနေလည်း ရုပ်ရှင်အတူကြည့်တာမျိုးနဲ့ activities တွေအတူလုပ်နိုင်ပါသေးတယ်။

💟Supportive ဖြစ်တာ- တစ်ယောက်ကိုယ်တစ်ယောက် Productive ဖြစ်စေဖို့ Motivation ပေးတာ၊ အလုပ်နဲ့ပတ်သက်လို့၊ ကျောင်းစာနဲ့ပတ်သက်လို့ အကူအညီပေးတာ၊ အကြံဉာဏ်ပေးတာတွေကလည်း အထောက်အကူဖြစ်စေပါတယ်။

💟ယုံကြည်မှုတည်ဆောက်တာ- အဝေးမှာရှိနေကြတဲ့အတွက် ဒီအချက်ကအရေးကြီးဆုံးပါပဲ။ ချစ်ရတဲ့သူကို ယုံကြည်ပေးတာ၊ စိတ်လုံခြုံမှုပေးတာက Healthy Relationship တွေရဲ့လက္ခဏာတစ်ခုပါ။

💟အလုပ်များပြီးအချိန်ကုန်စေတာ- ကိုယ်တိုင်ကမအားလပ်တဲ့အခါ အတွေးလွန်ဖို့အချိန်မရှိတော့ပါဘူး။ ဒါကြောင့် Personal development အတွက်ကြိုးစားနေရင်း၊ Self-care လည်းမပြတ်စေဘဲ သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်းအချိန်ပေးရင်း Busy bee လေးဖြစ်နေတာကလည်း Relationship မှာပါ အကျိုးသက်ရောက်စေပါတယ်။

💟LDRS ဖြစ်လာတဲ့အခါ နှစ်ဖက်လုံးကနေ နဂိုထက်ပိုပြီး ကြိုးစားအားထုတ်ရတာလေးတွေရှိရပါတယ်။ Commitment တွေ၊ နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကိုယ်စီဖော်ပြရင်း ကြုံလာရတဲ့ ပြဿနာလေးတွေကိုလည်း အတူဖြေရှင်းရင်းနဲ့ နှစ်ယောက်လုံးရဲ့ပန်းတိုင်ကို ရောက်နိုင်ကြမှာပါ။

ချစ်သူတွေအားလုံး Distance ဘယ်လောက်ဝေးဝေး ချစ်ခြင်းမေတ္တာမပျက် ဆက်လက်ပေါင်းဖက်နိုင်ပြီး ပျော်ရွှင်သာယာတဲ့ Healthy Relationship ကို ပိုင်ဆိုင်နိုင်ကြပါစေနော် ♥️

10 views0 comments

Commentaires


bottom of page