top of page
info1589729

အမျိုးသားတွေလည်း စိတ်ထိခိုက်နိုင်ပါတယ်.....



🙋🏻‍♂️ Gender ဆိုတဲ့ သတ်မှတ်ချက်တွေကို မကြည့်ဘူးဆိုရင် အမျိုးသားတွေ ဟာလည်း လူသားတစ်ယာက်ပဲမို့လို့ လူသားတွေမှာ ကြုံတွေ့ရတဲ့ လူမှုရေးပြဿနာတွေ၊ မ်ိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ အခြားသော အဆင်မပြေမှုတွေကြောင့် စိတ်မလုံခြုံမှုတွေ၊ စိတ်ထိခိုက်မှုတွေ ကိုခံစားရတာဟာ ပုံမှန်ပဲဆိုတာ အားလုံးလက်ခံကြဖို့ လိုပါမယ်။ 


ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ကြားနေကြဖြစ်တဲ့ ယောက်ျားဆိုတာ သန်မာရမယ်၊​ ခံနိုင်ရည် ရှိရမယ် စတဲ့ မှားယွင်းတဲ့ အယူအဆ၊ ကန့်သတ်ချက်တွေကြောင့် ယောက်ျားလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ကြောက်ကြတာမျိုးတွေ၊ စိတ်ထိခိုက်မှုတွေကို ရင်ဖွင့်လိုက်ရင် မသန်မာဘူး၊ ပျော့ညံ့တယ်လို့ အထင်ခံရမှာ စိုးရိမ်တာမျိုးတွေကြောင့် စိတ်ထိခ်ိုက်မှုတွေကို ထုတ်ဖော်မပြောဆိုပဲ သိမ်းဆည်းပိတ်လှောင် ထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ‼️


အဲဒီလိုမျိုး သိမ်းဆည်းပိတ်လှောင်တာမျိုးတွေ လုပ်ပြီး တစ်ယောက်တည်း ရုန်းကန်နေတာဟာ healthy လည်းမဖြစ်သလို နောက်ပိုင်းကြာလာတဲ့အခါ 


📌အရင်လို ပျော်နေတာမျိုးတွေ မရှိတော့ဘဲ စိတ်ဓာတ်တွေကျလာခြင်း၊


📌ဘယ်အရာကိုမှ စိတ်ဝင်စားမှု မရှိတော့ခြင်း၊


📌အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးတွေ မက်ပြီး အိပ်မရခြင်း၊ 


📌ကိုယ်လုပ်နေရတဲ့ အလုပ်တွေမှာ စွမ်းဆောင်နိုင်စွမ်းတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းလာခြင်း၊


📌ကိစ္စသေးသေးလေးတွေကအစ ဒေါသထွက်လွယ်ခြင်း၊ 


📌လူမှုအသိုင်းအဝိုင်းနဲ့ ပြောဆိုဆက်ဆံရမှာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရမှာ တို့ကို ရှောင်ကြဥ်လာပြီး လူမှုဆက်ဆံရေးမှာ ထိခိုက်လာတာမျိုးနဲ့


📌အဆိုးရွားဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တာမျိုးတွေ ရှိလာတတ်ပါတယ်။ 


အဲ့လိုမျိုး ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရခြင်းမှ လွတ်မြောက်၊ ကျော်လွှားနိုင်ဖို့ 


✅စိတ်ပိုင်းဆိုင်ရာ professionals တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသမှု ခံယူတာမျိုး၊ 


✅မိသားစုနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းတွေနဲ့ ပွင့်ပွင်းလင်းလင်း ရင်ဖွင့်တိုင်ပင်တာမျိုး၊


✅ကိုယ့်ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေမှာ healthy ဖြစ်အောင် နေထိုင်ပြီး စိတ်ကျန်းမာရေးကို ဂရုစိိုက်တာမျိုး


✅တင်းထားတဲ့ စိတ်တွေကို ဖြေလျှော့နိုင်ဖို့၊ စိတ်အပန်းပြေစေတဲ့ activities လေးတွေ လုပ်ပြီး စိတ်ထွက်ပေါက်လေးတွေ ရှာတာမျိုး လုပ်ပေးနိုင်ပါတယ်။ 


 လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း ယောက်ျားလေးတွေလည်း စိတ်ထိခိုက်နိုင်တယ်ဆိုတာကို လက်ခံပြီး ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ စိတ်ထိခိုက်မှုတွေ ကြုံတွေ့နေရတဲ့ ယောက်ျားလေးတွေကို နွေးထွေးတဲ့ အကူအညီလေးတွေ ပေးပေးကြပါ 💁🏻‍♀️

10 views0 comments

Comments


bottom of page