Domestic Violence သံသရာမှ ရုန်းထွက်ခြင်း
- Honest Hour
- Apr 14
- 1 min read

လူတစ်ဦးက တခြားလူတစ်ဦးကိုလွှမ်းမိုးချုပ်ကိုင်တာ၊ ထိခိုက်နာကျင်စေတာ၊ အကြမ်းဖက်တာစတဲ့ Domestic Violence တွေက ပုံစံမျိုးစုံနဲ့ လူ့အဖွဲ့အစည်းကြားထဲမှာရှိနေကြပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုလို့ခေါ်ကြပေမယ့် အိမ်ထောင်သည်တွေ၊ မိသားစုဝင်တွေကြားထဲမှာသာမကဘဲ၊ Relationship စုံတွဲတွေ၊ LGBT အပါအဝင် တခြားရင်းနှီးရတဲ့သူငယ်ချင်း၊ အခန်းဖော် စတဲ့ဆက်ဆံရေးတွေမှာလည်း ရှိနေပါသေးတယ်။
ဒီနေရာမှာ ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရတာမျိုးမှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးနဲ့ လိင်ပိုင်းဆိုင်ရာတွေအထိ Domestic Violence မှာပါဝင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာမှာဆိုရင်တော့-
➤ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို Manipulate လုပ်ပြီး ကြိုးကိုင်ချယ်လှယ်ခံနေရတာမျိုး၊ ကိုယ့်ရဲ့ Childhood trauma တွေကိုအသုံးချပြီး အားနည်းချက်အဖြစ် အနင်းခံနေရတာမျိုး၊
➤ အရှက်ခွဲမယ်ဆိုပြီးခြိမ်းခြောက်ထားတာ၊ လူကြားထဲ ခေါင်းမဖော်ရဲအောင် Self-esteem တွေ၊ Confidence တွေပျောက်တဲ့အထိ သိမ်းသွင်းထားတာမျိုး၊
➤ ကိုယ့်ခံယူချက်တွေကိုပါ သံသယများလာအောင် အယုံသွင်းထားတာမျိုး၊
➤ ကိုယ်တိုင်ကသူ့ရဲ့မကောင်းတာတွေကို မမြင်နိုင်လောက်အောင်၊ ထုတ်မပြောနိုင်လောက်အောင် စည်းရုံးထားတာမျိုး… စတာတွေက စိတ်ပိုင်းဆိုင်ရာရဲ့ Domestic Violence လက္ခဏာတွေထဲက တချို့ပါပဲ။
ဒါကြောင့် ကိုယ်တိုင်က Domestic Violence ကိုပြုလုပ်မိနေတာဖြစ်စေ၊ ပြုလုပ်ခံနေရတာဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာတွေ့မြင်နေရလို့ ကူညီချင်တာဖြစ်စေ အောက်ပါနည်းတွေကို အသုံးပြုနိုင်ပါတယ်။
➪ Therapy & Counselling - ရုပ်ကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ ကျန်ခဲ့တဲ့စိတ်ဒဏ်ရာ၊ အမာရွတ်တွေကို နည်းလမ်းမှန်ကန်စွာနဲ့ ဆွေးနွေးကုသနိုင်ဖို့လိုပါတယ်။ ဒါကတော့ Rebuilt လုပ်ပြီးပြန်ရပ်တည်နိုင်ဖို့၊ Confidence တွေပြန်ပြီးတည်ဆောက်နိုင်ဖို့၊ စိတ်ဒဏ်ရာတွေကို အကောင်းဆုံးကျော်ဖြတ်သွားနိုင်ဖို့အတွက်ပါ။
➪ Support Networks & Legal assistance - Domestic Violence နဲ့ပတ်သက်ပြီး အထူးကူညီစောင့်ရှောက်ပေးနေတဲ့ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေ၊ တရားဝင်ထောက်ပံ့ပေးနေသူတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။
Domestic Violence မှာအဖြစ်အများဆုံး အခြေအနေတွေထဲက တချို့လက္ခဏာတွေကတော့-
➟ ပြုလုပ်သူရော၊ ပြုလုပ်ခံရသူရော ဒီသံသရာထဲကမရုန်းမထွက်နိုင်ဘဲ Cycle of abuse ဖြစ်နေခြင်းပါ။ ရန်ဖြစ်တယ် လက်ပါတယ် သွေးထွက်သံယိုတွေဖြစ်တယ်၊ ပြီးရင်ပြန်ချော့တယ် ပြန်အဆင်ပြေသွားတယ်၊ ထပ်ပြီးဒီလိုရန်ပြန်ဖြစ်တယ်၊ ဒီလိုငရဲဆန်တဲ့နေ့ညတွေထဲကို လက်ခံရင်ဆိုင်နေရတာမျိုး၊
➟ Domestic Violence ဖြစ်ရတဲ့အခြေအနေတွေ၊ နာကျင်မှုတွေကို Attach ဖြစ်ပြီး၊ ဖက်တွယ်ထားနေမိတာမျိုး၊
➟ Violence ကိုဖြစ်သင့်တဲ့အရာ၊ ပုံမှန်အခြေအနေတစ်ခုအဖြစ် ခံယူမှတ်သားထားမျိုး… စတာတွေဖြစ်ပါတယ်။
ကျွန်မတို့တွေဟာ မတူညီတဲ့ Parenting style တွေနဲ့ ထိန်းကျောင်းခံခဲ့ရပြီး၊ မတူညီတဲ့ငယ်ဘဝတွေကို ဖြတ်သန်းခဲ့ရတဲ့အလျောက်၊ Relationship ဆက်ဆံရေးတွေကို ကိုင်တွယ်ဖြေရှင်းပုံတွေကလည်း ပုံစံမျိုးစုံကွဲသွားကြတာပါပဲ။
ဒါကြောင့်ကိုယ်ကမရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ပြီးဖြစ်စေ ဒီသံသရာထဲရောက်နေခဲ့ရင် အမြန်ဆုံးပြန်ထွက်နိုင်ဖို့ ကြိုးစားရအောင်လေနော်။ ရှင်သန်ရတဲ့ခဏတာက ကိုယ်ကျန်းမာဖို့လိုအပ်သလို၊ စိတ်လေးလည်းချမ်းသာပျော်ရွှင်နေဖို့လိုအပ်တယ်မလား။ ချစ်ရတဲ့သူတွေနဲ့သာ Healthy Relationship ကိုပိုင်ဆိုင်ရရင် အကောင်းဆုံးပဲမဟုတ်လား။
Commenti