top of page
Search

Eating Disorder (၂) မျိုး.....

  • Writer: Honest Hour
    Honest Hour
  • Apr 11
  • 1 min read


အစားအသောက်နဲ့ပတ်သက်လာရင်၊ ခန္ဓာကိုယ်အလေးချိန်နဲ့ပတ်သက်လာရင် ပုံမှန်ထက်ပိုပြီး ဂရုစိုက်လွန်းတာမျိုး၊ ဆတ်ဆတ်ထိမခံဖြစ်လွန်းတာမျိုးတွေ မြင်ဖူးကြုံဖူးကြပါလား…

ကိုယ်ကြိုက်နှစ်သက်တာကို စားချင်တဲ့အာသီသရှိတာမျိုးထက် အဆက်မပြတ် အစားပဲစားချင်နေတာမျိုး၊ ပုံမှန်ကိုယ်အလေးချိန်ထက်နည်းပြီး ပိန်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်ဝနေပြီလို့တွေးပူနေတာမျိုး၊ စားပြီးတာနဲ့ပြန်အန်ထုတ်ပစ်တာမျိုး စတဲ့လက္ခဏာတွေရှိနေရင်တော့ Eating disorder နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေဆီမှာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Eating disorder ကိုများသောအားဖြင့် (၂)မျိုးခွဲထားကြပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့လက္ခဏာတွေ၊ ကျော်ဖြတ်ရတဲ့အခြေအနေတွေပေါ်မူတည်ပြီး Coping လုပ်တဲ့နည်းတွေကလည်း ကွဲကြပါတယ်။

Anorexia nervosa- ကိုယ်အလေးချိန်တက်မှာ၊ ဝလာမှာကို ပြင်းထန်စွာကြောက်ရွံ့ကြတာမျိုးပါ။ အဆီများတဲ့အစားအစာတွေကိုရှောင်တာ၊ Healthy food စားပြီး Diet လုပ်တာကပုံမှန်ဖြစ်ပေမယ့်၊ အစာစားပြီးချင်းဝိတ်တက်မှာစိုးလို့ လက်ထိုးအန်တာ၊ လေ့ကျင့်ခန်းအလွန်အကျွံလုက်တာတွေက Eating disorder တစ်မျိုးပါပဲ။

Bulimia nervosa- အချိန်တိုအတွင်းမှာ အစားအများကြီးကို မရပ်နိုင်အောင်စားနေခြင်းပါ။ ဒီအခြေအနေမှာ ဆီးချိုရှိနေတဲ့သူတွေတောင် ဆီးချိုတက်မှာကို ဂရုမစိုက်နိုင်ဘဲ စားမိတတ်ကြပါတယ်။ စားနေတဲ့အချိန်မှာရော၊ စားပြီးတဲ့အချိန်မှာပါ အပြစ်ရှိသလိုခံစားရတာ၊ ရှက်တာတွေလည်း ခံစားရနိုင်ပါသေးတယ်။

Body max index (BMI) နဲ့အသက်အရွယ်ပေါ်မူတည်ပြီး တွက်ဆထားတဲ့ ခန္ဓာကိုယ်ရဲ့တကယ်ရှိသင့်တဲ့အလေးချိန်ကို လက်မခံနိုင်ဘဲ အပေါ်မှာဖော်ပြခဲ့သလို အပြုအမူတွေဆက်တိုက်ဖြစ်နေရင် အာဟာရဓာတ်တွေသာမကဘဲ လူနေမှုဘဝနဲ့ စားသောက်နေထိုင်မှုပုံစံတွေအထိ သက်ရောက်မှုရှိနိုင်ပါတယ်နော်။

ထပ်ပြီး Eating disorder ကြောင့်ကြုံတွေ့နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကတော့-

⟡ စိတ်ဓာတ်ကျခြင်း၊

⟡ အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း၊

⟡ အစားအသောက်၊ weight နဲ့ body shape ကိုပဲအမြဲတွေးတောစဉ်းစားနေခြင်း၊

⟡ စိုးရိမ်ပူပန်မှုများခြင်း၊

⟡ ပြင်းထန်တဲ့စိတ်အခြေအနေကိုမှ စိတ်အတက်အကျမြန်ခြင်း၊

⟡ စိတ်ကသိကအောက်ဖြစ်ခြင်း၊

⟡ ယုံကြည်မှုနည်းခြင်း၊

⟡ ဆူညံသံတွေကိုခံနိုင်ရည်မရှိခြင်း၊

⟡ ပြီးပြည့်စုံလိုစိတ်များခြင်း၊

⟡ လူတွေနဲ့ရှောင်ဖယ်လာခြင်း၊

⟡ သတ်သေလိုစိတ်ဖြစ်လာနိုင်ခြင်း… စတာတွေကို ပုံစံအမျိုးမျိုးကြုံတွေ့ခံစားရနိုင်ပါတယ်။

ဒါကြောင့် Eating disorder ကိုခံစားနေရပြီဆိုရင် မှန်ကန်စွာတည့်မတ်ဆွေးနွေးပေးနိုင်မယ့် Professional counselors တွေကိုသေချာရွေးချယ်ဖို့လိုအပ်သလို၊ ကိုယ်တိုင်ခံစားရတာဖြစ်စေ၊ ချစ်ရသူတွေမိတ်ဆွေတွေဆီမှာ ခံစားနေရတာဖြစ်စေ အကောင်းဆုံးနည်းလမ်းနဲ့ ဆွေးနွေးကုသမှုယူနိုင်အောင် တိုက်တွန်းပေးဖို့လည်းမမေ့ပါနဲ့နော်။

 
 
 

Comments


bottom of page