Sound Healing ၏ အံ့ဖွယ်အကျိုးကျေးဇူးများ.....
- Honest Hour
- Apr 25
- 1 min read

✨ Sound Healing ၏ အံ့ဖွယ်အကျိုးကျေးဇူးများ
အသံဖြင့် ကုထုံး (Sound Healing) သည် ရှေးကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ယနေ့ခေတ်မှာ သိပ္ပံနည်းကျ လေ့လာမှုတွေအရ စိတ်၊ ကိုယ်နှင့် စွမ်းအင်တို့ကို ဟန်ချက်ညီစေတဲ့ ထိရောက်သော ကုထုံးတစ်ခုအဖြစ် အသိအမှတ်ပြုလာကြပါပြီ။
Sound Healing ခံယူခြင်းဖြင့် အဓိကရရှိမယ့်အကျိုးကျေးဇူးတွေကတော့…
၁။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း
- အသံတုန်ခါမှု (Vibration) များသည် ဦးနှောက်လှိုင်း (Brainwave) များကို ပြောင်းလဲစေပြီး Theta (4-8 Hz) နှင့် Delta (0.5-4 Hz) လှိုင်းများကို နိုးကြားစေကာ Deep relaxation ကိုဖြစ်စေတာကြောင့် စိတ်ရောကိုယ်ပါ အနားရစေပါတယ်။
၂။ နာကျင်မှုကို သက်သာစေခြင်း
- Singing Bowls၊ Tuning Forks နှင့် Binaural Beats တို့သည် ခန္ဓာကိုယ်ရှိ တင်းမာမှုတွေကို လျော့ပါးစေပြီး Chronic Pain ကို သဘာဝနည်းလမ်းဖြင့် သက်သာစေနိုင်ပါတယ်။
၃။ စိတ်ကျန်းမာရေးကို တိုးတက်စေခြင်း
- စိုးရိမ်ပူပန်မှု (Anxiety)၊ စိတ်ကျရောဂါ (Depression)၊ PTSD ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် အသံကုထုံးကို စိတ်ပညာရှင်များက အကြံပြုလာကြပါတယ်။
- သဘာဝအသံများ (သစ်တောသံ၊ ရေစီးသံ) နားထောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်။
၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
- စည်းချက်ညီသော အသံများ (Rhythmic Sounds) သည် Lymphatic System ကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။
- ၂၀၂၁ ခုနှစ်က လေ့လာမှုတစ်ခုအရ Singing Bowl Therapy သည် သွေးဖြူဥ (White Blood Cells) ထုတ်လုပ်မှုကို တိုးစေကြောင်း သက်သေပြခဲ့ပါတယ်။
၅။ အိပ်စက်မှု အရည်အသွေးတိုးတက်စေခြင်း
- Delta Waves (0.5-4 Hz) ပါသော အသံများ (ဥပမာ - Singing Bowls, Binaural Beats) သည် အိပ်ပျော်စေရန် ပိုမိုအထောက်အကူဖြစ်စေပါတယ်။
၆။ အစာချေစနစ်ကိုတိုးတက်စေခြင်း
- Singing Bowl မှ ထုတ်လွှတ်လိုက်သော အသံနှင့် Vibration များသည်….
- အစာအိမ်နှင့် အူလမ်းကြောင်းကို ထိန်းညှိပေးပါသည်။
- အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေပါသည်။
- ဝမ်းမှန်စေပါသည်။
- ခန္ဓာကိုယ်ရှိ Chakras များကို ဟန်ချက်ညီစေပါသည်။
- ပင်ပန်းနွမ်းနယ်နေသော ဆဲလ်များကို ပြန်လည်အားဖြည့်ပေးပါသည်။
Sound Healing Session များကို စိတ်ဝင်စားတယ်ဆိုရင်တော့
✨Individual Private session ရယူနိုင်သလို
✨သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ကိုယ့်ရဲ့ Co-worker တွေနဲ့ပဲဖြစ်ဖြစ် စီစဉ်ချင်တယ်ဆိုရင်လည်း ဆက်သွယ်နိုင်ပါတယ်နော်။
🌿#SoundHealing #MentalHealth #MyanmarWellness #NaturalHealing🌿
Comments