top of page

Trauma တွေကနေရှောင်ပြေးနေမဲ့အစား ရင်ဆိုင်ကုစားလိုက်ပါ..... 

Writer: Honest HourHonest Hour


ဘဝကြီးမှာ နေထိုင်လာခဲ့ရင်း စိတ်ဒဏ်ရာရေစနိုင်တဲ့ ထိတ်လန့်ခြောက်ခြားစရာအချိန်တွေနဲ့၊ မနှစ်မြို့စရာအချိန််တွေကြုံလာရတဲ့အခါ ထိရှလွယ်တတ်တဲ့ စိတ်လေးဟာ ဒဏ်ရာတွေရလာတတ်ပါတယ်။ ❤️‍🩹


အဲ့လိုမျိုး စိတ်ဒဏ်ရာရှိတဲ့ သူတွေဟာ ကိုယ်စိတ်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြရမှာ ကြောက်လို့သော်လည်းကောင်း၊ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားရမလဲဆိုတာ မသိလို့သော်လည်းကောင်း စိတ်ဒဏ်ရာတွေကို ပွေ့ပိုက်ထားမိနေတတ်ပါတယ်။❌


စိတ်ဒဏ်ရာတွေကို မကုစားဘဲ သိမ်းဆည်းထားတဲ့အခါ 

▫️Self-esteem နိမ့်ပါးခြင်း၊

▫️အာရုံစူးစိုက်ရခက်ခဲခြင်း၊

▫️လူများတဲ့နေရာတွေကို ရှောင်ခြင်း၊

▫️အကြောင်းအရင်းမဲ့ အမြဲလိုလို စိတ်ရှုပ်ဒေါသထွက်ခြင်း၊

▫️အိပ်မက်ဆိုးတွေမက်ခြင်းနှင့် အိပ်ရေးပျက်ခြင်း၊

▫️စိတ်ဒဏ်ရာရခဲ့တဲ့ အခြေအနေတွေကို ပြန်ပြန်ပြီး မြင်ယောင်လာခြင်း၊

▫️ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဟာ ကိုယ့်ကို စွန့်ပစ်သွားမှာ ကြောက်ခြင်း၊

▫️ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲခြင်း၊

▫️Relationships တွေကို တည်ဆောက်ထိန်းသိမ်းဖို့ ခက်ခဲခြင်း၊

စတဲ့ သက်ရောက်မှုတွေ ဖြစ်ပါ်ခံစားရစေပါတယ်။ 


ဒီလိုမျိုး စိတ်ဒဏ်ရာရခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကိုယ့်မှာ ခံစားနေရတယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ professional တွေနဲ့ တိုင်ပင်ဆွေးနွးပြီး၊ အကူအညီယူဖို့ အကြံပေးချင်ပါတယ်။ 💡နောက်ပြီး သင့်မှာဒီအခြေအနေတွေကနေ လွတ်မြောက်အောင် လုပ်နိုင်ဖို့ စွမ်းအင်တွေရှိတယ် ဆိုတာကိုလည်း ယုံကြည်စေချင်ပါတယ်။🍀

 
 
 

Comments


bottom of page