top of page

"Zero" ကျပ်နဲ့ ဦးနှောက်ဆေးကြမယ်.....

info1589729


🍃သဘာဝ လေကောင်းလေသန့်ဟာ အဖိုးအခမပေးရတဲ့ ဦးနှောက်အတွက် အဖိုးတန်တဲ့ အရာတစ်ခုပါ။ မနက်နိုးလာကတည်းက အလုပ်ရှုပ်နေတဲ့ ဦးနှောက်ဟာ ပင်ပန်းလာတဲ့အခါ ပြန်ပြီးကြည်လင်လန်းဆန်းလာဖို့ဆို လေကောင်းလေသန့်လေး ရှူပေးဖို့လိုပါတယ်။​✅

🏢အလုပ်ခွင်မှာဆိုရင် သဘာဝလေကောင်းလေသန့် မရရှိတာကြောင့် ရုံး၊ အလုပ်အဆောက်အအုံထဲမှာ တစ်နေ့တာလုံးထိုင်ပြီး အလုပ်လုပ်နေရတဲ့အခါ

💠ခေါင်းတွေပူလာပြီး ဦးနှောက်မကြည်လင်တာ၊

💠စိတ်တွေ မကြည်လင်တော့ဘဲ မပျော်တော့တာ၊

💠ခေါင်းကိုက်တာ၊မူးဝေတာ

💠ပင်ပန်းနွမ်းနယ်တာ မျိုးတွေဖြစ်ပြီး

💠အလုပ်မှာ အာရုံစိုက်ဖို့ ခက်ခဲလာတာ၊

💠အလုပ်လုပ်နိုင်စွမ်းတွေကျဆင်းလာတာ၊

💠တီထွင်နိုင်စွမ်းတွေ ကျလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အလုပ်ရဲ့ break time အချိန်တွေမှာ 10 minutes လောက် အပြင်ခနထွက်ပြီး လေကောင်းလေသန့် ရှူပေးတာကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။ ✅

လေကောင်းလေသန့်လေး ရှူပေးမှသာ ပင်ပန်းနေတဲ့ ဦးနှောက်ဟာ ပြန်လည်ကြည်လင်လာပြီး အလုပ်တွေပြန်လည်စတင်ဖို့ စွမ်းအင်တွေ ပြန်ရန်ိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး အဲ့လိုမျိုး အလုပ်ခွင်မှာ အချိန်ခနပေးပြီး လေကောင်းလေသန့် ထွက်ရှူပေးခြင်းဟာ

💠စိတ်အခြေအနေတွေကို ကောင်းမွန်စေပြီး စိတ်အကြည်ဓာတ်လေးတွေ ပြန်ရစေတယ်၊

💠အလုပ်မှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြီးမြှင့်တင်ပေးနိုင်ရုံသာမက

💠ည အိပ်စက်အနားယူတဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။

သဘာဝကပေးတဲ့ လေကောင်းလေသန့်ဟာ ဒီလိုမျိုးအကျိုးကျေးဇူးတွေ များစွာရှိနေတာမလို့ တစ်နေ့တာမှာ လေကောင်းလေသန့်လေး ရှူပေးဖို့တော့ ဂရုစိုက်အချိန်ပေးကြပါနော်။

2 views0 comments

Comments


bottom of page