top of page
Search

ဘဝရဲ့ အပြောင်းအလဲတွေကြောင့် ခံစားရတတ်တဲ့ Adjustment Disorder.....

  • Writer: Honest Hour
    Honest Hour
  • Apr 16
  • 1 min read


ဘဝထဲက တစ်ခုခုကိုဆုံးရှုံးလိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ဘဝထဲကို အသစ်တစ်ခုခုဝင်ရောက်လာတာ …

ပြောင်းလဲသွားတဲ့အရာတစ်ခုခုနဲ့ ညှိယူရတဲ့အခါမှာ ကြုံရတတ်တဲ့ စိတ်အဆင်မပြေမှု၊ စိတ်ကစဉ့်ကလျားဖြစ်မှု Disorder မျိုးလည်းရှိပါတယ်။ ရောဂါတစ်ခုလိုစွဲကပ်ပြီး ဆေးကုသနေရတာမျိုးမဟုတ်ပေမယ့် ပုံမှန်အခြေအနေတော့လည်း မဟုတ်ဘူးပေါ့။ ဒါကိုညှိယူတဲ့နေရာမှာခံစားရတဲ့ Adjustment Disorder လို့ခေါ်ပါတယ်။

ကွာရှင်းပြတ်စဲတာ၊ မွေးရပ်မြေကိုထားခဲ့ပြီး နေရာသစ်ပြောင်းရွှေ့တာ၊ အလုပ်အသစ်ရတာ၊ ကလေးရတာ၊ သဘာဝဘေး၊ စစ်ဘေးကြုံရတာ၊ စီးပွါးရေးအခက်အခဲတွေ့တာ စတဲ့ဘဝအခြေအနေတွေမှာ ဒီ Adjustment Disorder ကိုခံစားရတတ်ပြီး၊ ကိုယ်တစ်ယောက်တည်းလည်းကြုံရနိုင်သလို၊ မိသားစုတစ်ခုလုံးရော၊ Community တစ်ခုလုံးအနေနဲ့ပါ ရင်ဆိုင်ရနိုင်ပါသေးတယ်။

ဒီတော့ Adjustment Disorder ခံစားနေရရင် ဘယ်လိုလက္ခဏာတွေရှိနိုင်မလဲ?

✦ စိတ်ဓာတ်ကျပြီး ထိုင်းမှိုင်းနေမယ်၊

✦ အတွေးများပြီး စိုးရိမ်ပူပန်နေမယ်၊

✦ ဒီနေရာမှာပဲလွှတ်ချလိုက်ဖို့စဉ်းစားမယ်၊

✦ ပုံမှန်ထက်အိပ်ပျော်ဖို့ခက်မယ်၊ ပုံမှန်ထက်အိပ်တာများမယ်၊

✦ စိတ်ဖိစီးတဲ့အချိန်ဖြစ်တတ်တဲ့ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ရင်ဘတ်အောင့်တာ စတာတွေဖြစ်မယ်၊

✦ နေ့စဉ်အလုပ်တွေပျက်ကွက်မယ်၊ လူမှုရေးကိစ္စတွေရှောင်လာမယ်၊

✦ တစ်ခါတလေ ပေါက်ကွဲမယ်၊

✦ ဆယ်ကျော်သက်တွေဆိုရင် စိတ်တိုလွယ်မယ်၊ စိတ်ဆတ်တဲ့အပြုအမူတွေဖြစ်မယ်၊

✦ ကလေးတွေမှာဆိုရင် အိပ်ရာထဲရှူးပေါက်ချမယ်၊ လက်သည်းကိုက်မယ် စတဲ့လက္ခဏာအမျိုးမျိုးကို များသောအားဖြင့်တွေ့ရတတ်ပါတယ်။

အသက်အရွယ်မရွေး Adjustment Disorder ကိုခံစားရနိုင်သလို၊ ဒါကလည်း ရက်အနည်းငယ်ကနေ လပိုင်းလောက်အထိပဲကြုံရနိုင်တာမျိုးပါ။

ဒီတော့ Adjustment Disorder ဆိုတာ ဘဝရဲ့သိသာထင်ရှားတဲ့ အပြောင်းအလဲတွေပေါ်မူတည်ပြီး စိတ်အတက်အကျဖြစ်တဲ့အခိုက်အတန့်လေးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ကျွန်မတို့ရဲ့ဘဝမှာ အပြောင်းအလဲတွေကနေ့စဉ်နဲ့အမျှကြုံနေရတာပါပဲ။ လူတွေပြောင်းလဲတယ်၊ နေရာတွေပြောင်းလဲတယ်၊ အခြေအနေတွေပြောင်းလဲတယ်။ တစ်ခါတလေ ကိုယ်တိုင်တောင်သတိမထားလိုက်မိပေမယ့် အပြောင်းအလဲတွေကတော့ အမြဲဖြစ်ပျက်နေကြစမြဲပါ။

ဒါကိုကိုယ်တိုင် Adjust လုပ်နိုင်တာရှိသလို၊ ဟန်ချက်ပျက်ပြီး ပြန်မထနိုင်တဲ့အချိန်တွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် Adjustment Disorder ကို ကိုယ်တိုင်မဖြေရှင်းနိုင်တော့တဲ့အခါ အားကုန်သွားတဲ့အထိ တောင့်ခံမနေဘဲ သက်ဆိုင်ရာကျွမ်းကျင် Counselor တွေနဲ့ ရင်ဖွင့်ဆွေးနွေးကြည့်ပါနော်။

 
 
 

Comments


bottom of page