top of page
Search

The Power of Pause

  • Writer: Honest Hour
    Honest Hour
  • Jun 17
  • 1 min read

⏸ The Power of the Pause


အရာအားလုံးမြန်ဆန်ပြီး မသေချာမှုတွေများနေတဲ့ ကာလကြီးမှာ စိတ်ရှုပ်စရာ၊ စိတ်ထိခိုက်စရာ တွေကြုံနေရပြီး အဲ့ဒီခံစားချက်တွေကို တုံ့ပြန်ဖို့ လှုံဆော်နေတဲ့ Trigger တွေမျိုးစုံကြုံတွေ့နေရမှာပါ။


- နေ့စဥ်ဘဝမှာဆိုရင် အလုပ်သွားနေတဲ့လမ်းမှာကားတွေပိတ်နေပြီး “ ငါအလုပ်နောက်ကျတော့မှာလား” ဆိုတဲ့ Trigger တွေ၊


- အလုပ်ခွင်မှာဆိုရင် အလုပ်ဖိအားတွေနဲ့ လုပ်ဖော်ကိုင်တွေနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေမှ ခံစားရတဲ့ “trigger” တွေ ၊


- ဖုန်းမှ notification တွေဆက်တိုက်တက်နေတာတွေကို စိတ်ရှုပ်ပြီး ခံစားရတဲ့ trigger တွေ၊


- Social Media တွေကတစ်ဆင့် စိတ်ထိခိုက်စရာ သတင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ trigger တွေ၊


အဲ့ဒီ Trigger တွေကြောင့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေက မကောင်းမွန်တဲ့ အကျိုးဆက်တွေ ဖြစ်သွားစေနိုင်ပါတယ်။


✅ ဒါကြောင့် Trigger တွေကြောင့် တုံ့ပြန်မှုတွေ မပြုလုပ်ခင် “Pause” လုပ်ပေးဖို့မမေ့ပါနဲ့။


Pause ဘယ်လိုလုပ်ရမလဲ❓


Trigger တစ်ခုခု ကြုံတွေ့ရပြီဆိုရင် ချက်ချင်းတုံ့ပြန်မှုမလုပ်ဘဲ


1️⃣အသက်ပြင်းပြင်းရှူပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ပါ။


2️⃣စိတ်ခံစားချက်ကို အမည်တပ်ပါ "ငါ အခု ဒေါသထွက်နေတာပဲ"၊ “ငါအခု ဝမ်းနည်းနေတာပဲ” လို့ သတိထားမိပါ။


3️⃣စိတ်ကို ပြန်ထိန်းဖို့ အချိန်ယူတဲ့အနေနဲ့ စိတ်ထဲမှ ၁ ကနေ ၁၀ အထိရေတွက်ပြီး စိတ်ကိုငြိမ်သက်စေပါ။


‼️ ဘာကြောင့် Trigger တွေကို ချက်ချင်းမတုံံ့ပြန်ဘဲ Pause လုပ်သင့်တာလဲ?


Trigger နောက် Reaction တန်းလိုက်ရင် မလိုလားအပ်တဲ့၊ အကျိုးဆက်မကောင်းတဲ့ တုံ့ပြန်မှုတွေကိုပြုလုပ်နိုင်စေပါတယ်။ ဒါပေမဲ့ Trigger ဖြစ်တဲ့အချိန်မှာ Pause လုပ်လိုက်ရင် အခြေအနေတွေကို သေချာသုံးသပ်နိုင်ပြီး သင့်တော်တဲ့တုံ့ပြန်မှုတွေတုံ့ပြန်နိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် Trigger တစ်ခုနဲ့ ကြုံတဲ့အခါ တုံ့ပြန်မှုတွေထက် အရင်ဆုံးစိတ်ကလေးတည်ငြိမ်အောင် *Pause** လုပ်ဖို့ မမေ့ပါနဲ့။

The Power of Pause
The Power of Pause

 
 
 

Commenti


bottom of page