top of page
Search

Attachment Issue

  • Writer: Honest Hour
    Honest Hour
  • Feb 24
  • 1 min read

Attachment Issue ဆိုတာ....


လူတွေနဲ့ Healthy Relationship တစ်ခုကို ထိန်းသိမ်းတဲ့နေရာ ဒါမှမဟုတ်တည်ဆောက်ရတဲ့ နေရာမှာ အခက်ခဲရှိတဲ့ အခြေနေကို ဆိုလိုပါတယ်။

ဥပမာ - လူတစ်ဦးက သူ့အနားမှာရှိတဲ့သူကို မယုံကြည်ခြင်း ၊ သံသယများခြင်း တွေဖြစ်ပြီးHealthy Relationship တည်ဆောက်ရာမှာ ခက်ခဲကြပါတယ်။

ဒီပြဿနာတွေက ကလေးဘဝကတည်းက စတင်လာနိုင်ပြီး ၊ မိဘတွေရဲ့ စောင့်ရှောက်မှုပုံစံ ၊ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာ‌တွေ ကြောင့် ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင်လည်း ကိုယ့်ချစ်ရတဲ့ ချစ်သူရည်းစားစီက ဖောက်ပြန်တာခံရဖူးတာမျိုး ၊

Relationship နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရစေတဲ့ အတွေ့ကြုံတွေကြောင့်လည်း

Attachment Issue ဖြစ်နိုင်ပါတယ်။---


Attachment Issue တွေကို အဓိကအနေနဲ့ (၃) မျိုးခွဲခြားနိုင်ပါတယ်။


1. Anxious Attachment (စိုးရိမ်စိတ်များခြင်း)

လက္ခဏာများ : Anxious Attachment ရှိတဲ့လူတွေဟာ စွန့်ပစ်ခံရမှာကို အလွန်ကြောက်ရွံ့တတ်ကြပြီး ၊ ဆက်ဆံရေးတွေမှာလည်း သူတစ်ပါးအပေါ် အလွန်အမင်း ကပ်တွယ်မှီခို (clingy and dependent) တတ်ကြပါတယ်။

လက်တွဲဖော်တွေစီကနေလည်း အမြဲလိုလို သူတို့ ယုံကြည်နိုင်ဖို့ ၊ စိတ်လုံခြုံနိုင်ဖို့အတွက် အတည်ပြုချက်တွေ ၊ ပြောစကားတွေကိုလည်း တောင့်တပါသေးတယ်။

အပြုအမူ : သူတို့ဟာ ဆက်ဆံရေးတွေမှာ အလွန်အမင်း စိုးရိမ်ပူပန်တတ်ပြီး ကိုယ့်လက်တွဲဖက်ရဲ့ ခံစားချက်တွေကိုလည်း အမြဲတွေးနေတတ်ပါတယ်။

အကြောင်းရင်း : ဒီလိုတွေဖြစ်ရတာဟာ ကလေးဘဝမှာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ အလုံအလောက်မရရှိခဲ့တာမျိုး ၊ ချစ်သူရည်းစားစီကနေ

ကိုယ့်ဖက်ကပဲ ချစ်ပေးခဲ့ရပြီး သူ့ဖက်ကနေ လုံလုံလောက်လောက် ပြန်မရခဲ့တာမျိုးတွေ ၊ ‌ဖောက်ပြန်ခံရဖူးတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

2. Avoidant Attachment (ရှောင်ဖယ်တတ်ခြင်း)

လက္ခဏာများ : ဒီလိုလူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားတတ်ပြီး၊ ဆက်ဆံရေးမှာ အနားယူချင်တတ်ကြပါတယ်။ သူတို့ဟာ ရင်းနှီးမှုကို ရှောင်ဖယ်တတ်ပြီး၊ လွတ်လပ်မှုကို ပိုနှစ်သက်တတ်ကြပါတယ်။ အပြုအမူ: သူတို့ဟာ နက်ရှိုင်းတဲ့ စကားဝိုင်းတွေကို ရှောင်ဖယ်တတ်ပြီး၊ ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲတတ်ကြပါတယ်။

အကြောင်းရင်း: ဒီလိုဖြစ်ရတာဟာ ကလေးဘဝမှာ မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

3. Disorganized Attachment (ဖရိုဖရဲဖြစ်ခြင်း)လက္ခဏာများ: ဒီလိုလူတွေဟာ ရင်းနှီးမှုကို လိုချင်ပေမယ့် ၊ တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့တတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ဆက်ဆံရေးတွေဟာ မတည်ငြိမ်ပါဘူး။

အပြုအမူ: သူတို့ဟာ ဆန့်ကျင်ဘက်အပြုအမူတွေကို ပြသတတ်ပြီး၊ တစ်ချိန်တည်းမှာပဲ လက်တွဲဖော်ကို ဝေးဝေးရှောင်ဖယ်ရင်း၊ အာရုံစိုက်ခံချင်တတ်ကြပါတယ်။

အကြောင်းရင်း: ဒီလိုဖြစ်ရတာဟာ ကလေးဘဝမှာ စိတ်ဒဏ်ရာတွေ သို့မဟုတ် အကြမ်းဖက်ခံခဲ့ရမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။Attachment Issues တွေကို ဘယ်လိုဖြေရှင်းမလဲ။၁။ ကိုယ့်ကိုယ်ကို သတိထားပါ။

ကိုယ့်ရဲ့ attachment style ကို သိအောင်လုပ်ပြီး၊ ဒါက ဆက်ဆံရေးတွေကို ဘယ်လိုအကျိုးသက်ရောက်နေလဲဆိုတာ သတိထားပါ။

အတိတ်က အကြောင်းအရာတွေကို ပြန်သုံးသပ်ပြီး၊ ဘယ်လိုစတင်ခဲ့လဲဆိုတာ နားလည်အောင်လုပ်ပါ။


၂။ စိတ်ကုထုံးတွေခံယူပါ။

စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ 

၃။ Communication Style

သင့်ရဲ့ပါတနာနဲ့ ပွင့်လင်းပြီး ရိုးသားတဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ပါ။

သင့်ရဲ့လိုအပ်ချက်တွေနဲ့ ကိုယ်ကြောက်ရွံ့မိတဲ့အရာတွေအကြောင်းကို မျှဝေပါ။

၄။ ကိုယ့်ကိုယ်ကို ပြန်ပြီး ကိုယ်ချင်းစာကြည့်ပါ။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ရှည်ပါ။

Attachment style တွေဟာ ကြိုးစားမှုနဲ့ ပံ့ပိုးမှုတွေနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာ သတိရပါ။


၅။ အပြုသဘောဆောင်ပြီး စိတ်ချရတဲ့ Relationships တွေ ဖန်တီးတည်ဆောက်ပါ။

စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရှိပြီး၊ ပံ့ပိုးပေးနိုင်တဲ့ လူတွေနဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။

တဖြည်းဖြည်းနဲ့ သူများကို ယုံကြည်ပြီး၊ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖော်ပြဖို့ လေ့ကျင့်ပါ။


အတိတ်ကနာကျင်မှုတွေက လက်ရှိဘဝကို ထိခိုက်စေနိုင်ပေမယ့်၊ ဒါတွေကို ကျော်လွှားဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး၊ လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ 😊


Relationship ကိစ္စတွေ မိသားစု ကိစ္စတွေအတွက် ရင်ဖွင့်ဆွေးနွေးဖို့အတွက်

Honest Hour မှာ ကျွမ်းကျင်တဲ့ Counsellor တွေနဲ့ Counselling Service ယူလို့ရပါတယ်နော်။ 💙



 
 
 

Comments


bottom of page