top of page
Search

မရေရာမသေချာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုမှာ ရှင်သန်ရတဲ့အခါ...

  • Writer: Honest Hour
    Honest Hour
  • Apr 25
  • 1 min read

မရေရာမသေချာမှုတွေ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုမှာ ရှင်သန်ရတဲ့အခါ နေထိုင်မှုပုံစံသစ်တစ်ခု လိုအပ်လာပါတယ်။

အရင်က သင်ယူခဲ့ဖူးတဲ့ Productivity၊ Planning နဲ့ Balance ဆိုင်ရာ သီအိုရီတွေဟာ အခုအခါမှာ အရင်လို အလုပ်မဖြစ်တော့ပါဘူး။

ဒါကြောင့် - "မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ငါတို့ ဘယ်လို ကောင်းကောင်းမွန်မွန် ရှင်သန်မလဲ?" ဆိုတာကို ပြန်ပြီးမေးခွန်းထုတ်ရပါတော့မယ်။

တစ်ဦးတစ်ယောက်ချင်းစီ လုပ်နိုင်တဲ့နည်းလမ်းကတော့ (At an Individual Level)

မိမိရဲ့ မျှော်လင့်ချက်တွေကို စတင် ပြောင်းလဲခြင်းကနေ စတင်နိုင်ပါတယ်။

-နေ့တိုင်းဟာ အလုပ်တွင်နေမှာ မဟုတ်ဘူး။

-ချမှတ်ထားတဲ့ အစီအစဥ်တိုင်းဟာလည်း အမြဲအောင်မြင်နိုင်ဖို့ မသေချာဘူး။

-အရာအားလုံးကိုလည်း ကိုယ်က ထိန်းချုပ်လို့ မရနိုင်ဘူး။

ဒါဟာ ရှုံးနိမ့်မှု မဟုတ်ပါဘူး။ ဒါဟာ အခြေအနေ (Context) တစ်ခုကို လက်ခံခြင်းသာ ဖြစ်ပါတယ်။

"အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်" ဆိုတဲ့ စိတ်ကူးထက် ဒီအချက်တွေကို အာရုံစိုက်ဖို့ လိုလာပါတယ်။

-အချိန်ကိုပဲ စီမံတာမျိုးမဟုတ်ဘဲ မိမိရဲ့ စွမ်းအင် (Energy) ကို စီမံခန့်ခွဲပါ။

-ရေရှည်ထက် ကာလတို (တစ်နေ့တာ၊ တစ်ပတ်စာ) စီမံကိန်းတွေကိုပဲ အာရုံစိုက်ပါ။

-အပြစ်ရှိသလိုမခံစားဘဲ မိမိကိုယ်ကိုယ် ခေတ္တအနားပေးဖို့ ခွင့်ပြုပါ။

-တစ်နေ့တာအတွင်းမှာ စိတ်အပန်းပြေစေမယ့် ခဏတာ အနားယူမှုလေးတွေ ရှာဖွေပါ။

တခါတရံမှာ "တည်ငြိမ်မှု" ဆိုတာ အပြင်လောကမှာပဲ ရှာဖွေနေရတာမျိုး မဟုတ်ဘဲ မိမိဘာသာ နည်းလမ်းအသေးလေးတွေနဲ့ ဖန်တီးယူရတာမျိုးပါ။

(At an Organizational Level)

လုပ်ငန်းခွင်တွေအနေနဲ့လည်း အခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူတွေဟာ အချိန်တိုင်းမှာ ရာနှုန်းပြည့် စွမ်းဆောင်ရည် (Full Capacity) မပြနိုင်ကြပါဘူး။

ဒါကြောင့်

-ဦးစားပေးအဆင့်ကို ရှင်းလင်းစွာ သတ်မှတ်ပါ။

-ဖြစ်နိုင်တဲ့နေရာတွေမှာ ပြောင်းလွယ်ပြင်လွယ် (Flexibility) ရှိပါစေ။

-လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ထားရှိပါ။

-ဝန်ထမ်းတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်ဖို့ (Reset and Recover) အချိန်ပေးပါ။

ဒါဟာ စံနှုန်းတွေကို လျှော့ချလိုက်တာ မဟုတ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့ "လမ်းကြောင်း" ကို ပြုပြင်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုခေတ်ကာလမှာ (Resilience) ရဲ့ အဓိပ္ပာယ်သစ်ကိုလည်း ပြန်လည်သတ်မှတ်ဖို့လိုအပ်ပါတယ်။

 ဒီလို အခြေအနေမျိုးမှာ ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းဆိုတာ ပိုပြီး အတင်းရုန်းကန် နေတာမျိုး မဟုတ်ပါဘူး။

"ရေရှည် တည်တံ့နေအောင် ထိန်းသိမ်းခြင်း" (Sustaining) လို့ ယူဆနိုင်ပါတယ်။

-စွမ်းအင် Energy ကို ထိန်းသိမ်းခြင်း။

-လူ့စွမ်းအားကို ထိန်းသိမ်းခြင်း။

-System တွေကို ဆက်လက်လည်ပတ်အောင် ထိန်းသိမ်းခြင်းတွေ ပါဝင်ပါတယ်။

လက်တွေ့ဘဝမှာ ဒီမတည်ငြိမ်မှုတွေဟာ ချက်ချင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

ဒါကြောင့် ရှေ့ဆက်ရမယ့်မျှော်လင့်ချက်တွေ ပျောက်မသွားစေဘဲ တဖြည်းဖြည်းချင်း "ရှေ့ဆက်နေဖို့" လိုပါတယ်။

 
 
 

Comments


bottom of page