“Helpful ways to take away your anger” 😇
ရှင်သန်လှုပ်ရှားနေရတဲ့ နေ့စဥ်ဘဝမှာ အမြဲတမ်း အကြည်ဓတ်တွေနဲ့ ပျော်ရွှင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး… တစ်ခါတစ်လေမှာ ဘဝရဲ့အဆင်မပြေမှုတွေကြုံတဲ့ အခါ၊ အလုပ်ခွင်မှာ စိတ်ရှုပ်စရာတွေကြုံရတဲ့အခါ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကတောက်ကဆ ဖြစ်တဲ့ အခါမျိုးတွေမှာ စိတ်တိုရတာမျိုးတွေ ဖြစ်တတ်ပါတယ်... 😤
စိတ်တိုတာဟာ လူသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ emotion လေးဖြစ်တာမလို့ တစ်ခါတစ်လေ စိတ်တိုမိတာဟာ အဆင်ပြေပါတယ်... သို့ပေမဲ့ စိတ်တိုတဲ့ ခံစားချက်ကြီးကို ကြာကြာသိမ်းထားပြီး တစ်မြေ့မြေ့ခံစား နေတာမျိုးမလုပ်ဘဲ ကိုယ့်ကိုယ်ကိုရော၊ တစ်ပါးသူကိုပါ မနာကျင်စေဘဲ ဒေါသတွေကို ပြန်လည်ဖြေလျှော့တတ်ဖို့ လိုပါတယ်... ❗️ဒါမှ စိတ်ထဲမှာ ခံစားနေရတဲ့ ပူလောင်မှုတွေကင်းပြီး ပုံမှန်စိတ်အခြေအနေလေးကို ပြန်ရနိုင်မှာ ဖြစ်ပါတယ်...😇
ဒေါသတွေကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကတော့ ....✅
☑️ဒေါသထွက်နေရတဲ့ အခြေအနေမှ ထွက်လာပြီး ခဏအနားယူပါ...😌
☑️ပျော်ရွှင်စေမဲ့ သီးချင်းမြူးမြူးလေးတွေနားထောင်ပါ...🎵
☑️အသက်ဝဝ ခပ်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ... 😮💨
☑️ကိုယ့်ကို နှစ်သိမ့်နားလည်ပေးမဲ့ သူနဲ့ စကားပြောရင်ဖွင့်ပါ...🗣️
☑️နွေးထွေးတဲ့ ပွေ့ဖက်မှုခံယူပါ...🫂
☑️အိမ်မွေးတိရိ စ္ဆာန်လေးတွေနဲ့ အချိန်ခနဖြုန်းလိုက်ပါ...🐶
☑️လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားတာလေးတွေလုပ်ကြည့်ပါ...🚶
Comments