top of page
info1589729

How To Stop Overthinking



😰 အရာရာကို အတွေးလွန်တတ်တဲ့စိတ်ကို ဘယ်လိုဖျောက်ကြမလဲ?

✔️ အတွေးတွေဟာ ကြောက်ဖို့ကောင်းပါတယ်။

ကောင်းတာတွေးတာကလည်း ကိုယ့်စိတ်ဖြစ်သလို

အဆိုးတွေ တွေးတာကလည်း ကိုယ့်စိတ်ပါပဲ။

ကောင်းတာတွေ တွေးတဲ့အခါ စိတ်မှာ ပျော်ရွှင်ဝမ်းမြောက်မှုတွေ ဖြစ်ရသလို အဆိုးတွေ တွေးတဲ့အခါ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ညစ်မှုတွေကို ခံစားရပါတယ်။

✔️ ဒါပေမဲ့ ဦးနှောက်ရဲ့ တွေးခေါ်မှု သဘာဝအရ ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတာကို ပိုပြီး တွေးလေ့ရှိပါတယ်။ တစ်ခါတလေမှာ ကောင်းတာရယ် ဆိုးတာရယ်လည်း မဟုတ်ဘဲ ဟိုတွေးဒီတွေးပူနဲ့ တောင်စဉ်ရေမရ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး နေရာတကာကို အတွေးလွန်တတ်တဲ့စိတ်ဟာ လူကို ဒုက္ခပေးနိုင်တဲ့အပြင် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေတတ်ပါတယ်။

‼️ ဒါကြောင့် ဒီနေ့မှာတော့ အတွေးလွန်တဲ့စိတ်ကို ကျွန်မတို့ အတူတူ ထိန်းချုပ်ကိုင်တွယ်ကြရအောင်။

➡️ ကိုယ့်ရဲ့ patternကို နားလည်အောင်လုပ်ပါ

ဟုတ်ပြီ။ ကိုယ်က အတွေးလွန်တတ်တာတော့ သိပြီ။ ဒါပေမဲ့ ဘယ်လိုနေရာတွေမှာ ပိုပြီး အတွေးလွန်တတ်သလဲ သတိထားကြည့်ပါ။ စီးပွါးရေးမှာလား၊ လူမှုရေးမှာလား ဘယ်နေရာမှာ ဘယ်လိုကိစ္စတွေဆိုရင် အတွေးလွန်တတ်သလဲ စောင့်ကြည့်ပါ။ ကိုယ့်ကို ဘယ်လိုအရာတွေက triggerဖြစ်စေသလဲဆိုတဲ့ overthink patternကို နားလည်အောင် အရင် လုပ်ပါ။

➡️ နောက်မှ တွေးပါ

အတွေးလွန်တော့မယ်လို့ စိတ်က သတိထားမိပြီဆိုရင် အဲဒီအတွေးကို နောက်မှ ပြောင်းတွေးပါ။ ဥပမာ တရားထိုင်နေရင်း အတွေးတွေပေါ်လာတယ်ပဲ ဆိုပါစို့။ ငါမတွေးသေးဘူးကွာ။ တရားထိုင်ပြီးမှပဲ တွေးတော့မယ်။ ဒါမှမဟုတ် အလုပ်ပြီးမှ တွေးတော့မယ် စသဖြင့် အတွေးတွေကို အာရုံပြောင်းလိုက်ပါ။

➡️ Mindful ဖြစ်အောင် လေ့ကျင့်ပါ

သတိအားကောင်းအောင် ကြိုးစားပါ။ အရင်ဆုံး ဝင်လေ ထွက်လေကစပြီး သတိကပ်ကြည့်ပါ။ ဝင်လေ ထွက်လေ အနေအထားကအစ သတိထားစောင့်ကြည့်ပါ။ အတွေးတွေပေါ်လာရင်တောင် ဝင်လေ ထွက်လေကို မပြတ်စေဘဲ ရှုသွင်းရှူထုတ်လုပ်ပါ။ သတိအားကောင်းလာတာနဲ့အမျှ အတွေးလွန်မှုတွေလည်း နည်းလာပါလိမ့်မယ်။

➡️ အတွေးတွေကို ပြောင်းတွေးကြည့်ပါ

"ဘာဖြစ်လို့ ငါ့မှလဲ" ဆိုတဲ့ why me/why not meတွေ တွေးနေရင် ကိုယ့်ကိုယ်ကိုယ် victim roleကနေပဲ မြင်နိုင်ပါလိမ့်မယ်။ အဲဒီအစား ငါဘာလုပ်လို့ ရမလဲလို့ ပြောင်းတွေးစေချင်ပါတယ်။ တွေးပုံတွေးနည်း ပြောင်းလိုက်ရုံပါပဲ။

➡️ ကောင်းမွန်တဲ့ အတွေးလေးတွေ အစားထိုးပါ

ကျွန်မလုပ်ဖြစ်တဲ့ ruleလေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး နှစ်ခု ပြန်တွေး​တဲ့ အကျင့်လေးပါပဲ။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ မကောင်းတဲ့ အတွေးတွေဟာ မှေးမှိန်လာပါလိမ့်မယ်။ ကောင်းတဲ့အတွေးတွေကိုပါ များများ အစားထိုးပြီး တွေးပေးပါ။

‼️ စိတ်ဆိုတာ မျောက်လိုပဲတဲ့။ အရာတစ်ခုအပေါ် ငြိမ်မနေဘဲ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေတတ်ပါတယ်။ ကောင်းတာတွေ တွေးမိရင်တော့ ပြဿနာမရှိပေမဲ့ မကောင်းတဲ့ အတွေးတွေကိုပဲ အမြဲအတွေးလွန်နေမိမယ်ဆိုရင်တော့ ပြဿနာရှိပါတယ်။ ဒါကြောင့် မိမိရဲ့ အတွေးတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထိန်းကျောင်းဖို့လိုပါတယ်။

🌿 မိမိရဲ့စိတ်ကို လေလွင့်ခွင့်ပေးတာကလည်း မိမိကိုယ်တိုင် ဖြစ်သလို မိမိရဲ့ စိတ်ကို အုပ်စိုးနိုင်တဲ့သူဟာလည်း မိမိကိုယ်တိုင်ပါပဲ။

1 view0 comments

Comments


bottom of page