
ဘဝကရွေးချယ်စရာတွေအများကြီးပါပဲ။ ဒါပေမယ့် ကျွန်မတို့တွေက ရွေးချယ်ခြင်း၊ မရွေးမိခဲ့ခြင်းတွေနဲ့ပတ်သက်ပြီး “နောင်တ” ရနေကြဆဲပါ…
နေ့လည်စာအတွက် Menu ရွေးတာကအစ၊ ကျောင်းတက်ဖို့ Major ရွေးတာ၊ ဘဝအတွက် life partner ရွေးတာတွေအထိ သေးသေးကြီးကြီး အရာတိုင်းမှာ “Regret” ကကပ်ပါလာတတ်ကြပါတယ်။
“နောင်တ” ရယ်လို့ခံစားနေရမှန်းဘယ်လိုသိနိုင်မလဲဆိုရင်တော့-
🍂အတိတ်ကဖြစ်ရပ်တွေကိုပဲ ထပ်တလဲလဲတွေးမိနေတာ၊ အဲ့ဒီလိုမဖြစ်ခဲ့ရင် ပိုများကောင်းမလားမျှော်လင့်နေမိတာ၊
🍂လက်ရှိဖြစ်နေတာတွေကို မကြိုက်နေတာ၊ ကိုယ့်ရွေးချယ်မှုရဲ့အကျိုးဆက်တွေကို လက်မခံချင်နေတာ၊
🍂အကြိမ်ကြိမ်နှိုင်းယှဉ်မိနေတာ၊ ဖြစ်ခဲ့တာတွေနဲ့ မဖြစ်ခဲ့တာတွေကြားမှာ ပိုကောင်းတာကိုလိုက်ရှာမိနေတာ၊
🍂ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာ…ဒါတွေက “Regret” ရဲ့လက္ခဏာတွေပါပဲ။
ဆိုတော့ ကိစ္စသေးသေးလေးတွေကို ကျော်သွားလို့ရကောင်းရနိုင်ပေမယ့်၊ တကယ်တမ်း”နောင်တ”ကိုခံစားလာရရင်တော့ သေချာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဘယ်လိုဖြေရှင်းကြမလဲ …?
☯️ လက်ခံနိုင်ဖို့လေ့ကျင့်ယူရပါမယ်- ကိုယ့်ရဲ့လက်ရှိကို လက်ခံဖို့လိုသလို၊ ကိုယ့်ရွေးချယ်မှုကိုလည်း အသိအမှတ်ပြုလက်ခံပေးရမှာပါ။ ဘာတွေခံစားနေရလဲ ဘာတွေဖြစ်ပျက်နေလဲ အရာအားလုံးပေါ့။
ဒါကအတိတ်ကဖြစ်ရပ်ကိုသွားပြီး ပြင်ဆင်လိုက်နိုင်တာမျိုးမဟုတ်ပါဘူး။ အတိတ်ကိုဒီအတိုင်းလက်ခံပြီး ရှေ့ဆက်ပိုကောင်းအောင် ဘယ်လိုသင်ခန်းစာယူမလဲ မြင်တတ်တာမျိုးပါ။
☯️ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ရပါမယ်- “နောင်တ”နဲ့အတူ အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ်ကိုပြန်စွပ်စွဲနေမိတာတွေ ပါလာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတစ်ယောက်ကို နားလည်ခွင့်လွှတ်ပေးသလိုမျိုး သနားကြင်နာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပေးရပါမယ်။
လုပ်ခဲ့မိတဲ့အမှားတွေကိုတာဝန်ယူပြီး၊ အတိတ်ကိုမပြင်နိုင်ပေမယ့် အနာဂတ်မှာပိုကောင်းစေရမယ်ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကိုအခွင့်အရေးပေးနိုင်ပါတယ်။
☯️ အမှားတွေအတွက်ဝန်ချတောင်းပန်ပါ- ကိုယ့်ကြောင့် ထိခိုက်သွားရတဲ့သူတွေရှိရင်လည်း ပွင့်လင်းစွာဝန်ချတောင်းပန်နိုင်ပါတယ်။ အမှားကိုသိပြီး တာဝန်ယူတတ်တာက ကောင်းတဲ့အရာမို့ ကျေအေးနာလည်မှုလည်းရနိုင်ပါတယ်နော်။
☯️ ပြင်ဆင်ပါ- မလုပ်ခဲ့မ်ိလေခြင်းရဲ့ နောက်ဆက်တွဲကိုလည်း ပိုကောင်းအောင်ပြန်လည်ခြင်းနဲ့ လက်တွေ့ကျကျစဉ်းစားဖြေရှင်းနိုင်ပါတယ်။ ပြီးတာကပြီးသွားပြီမို့ ကိုယ်ရွေးခဲ့တာတွေကလည်း ပြန်ပြင်မရတော့ဘူးမို့ Better future ကိုပဲကြိုးစားသင့်တာမျိုးပေါ့။
🔺“နောင်တ” ဆိုတာက Negative feeling တစ်မျိုးပဲမို့ ပူလောင်ရတာတွေ၊ အတွေးတွေနဲ့လုံးပန်းရတာတွေလည်းအများကြီးပါ။ ဒါပေမယ့် ဒီလိုခံစားချက်တွေကနေလည်း အမြတ်ထုတ်ကြိုးစားလို့ရပါတယ်။
🔺တစ်နည်းအားဖြင့် ရှေ့ဆက်ပိုကောင်းဖို့ Motivation ရသလို၊ ဖြစ်ခဲ့တာတွေဆီကလည်း အကောင်းဆုံးသင်ခန်းစာ ယူသွားနိုင်တာပဲမဟုတ်လား။
ဒါကြောင့် အတိတ်ထဲမှာပဲ “နောင်တ”လိုပူလောင်ရတဲ့ခံစားချက်တွေနဲ့ ကြာကြာပိတ်မိမခံနေဘဲ Better life Better future ကို အမြန်ဆုံးရရှိအောင် ရှေ့ဆက်သွားကြရအောင်နော် ♥️
Comments