top of page
Search

အာရုံကြောဆိုင်ရာ ပုံမှန်ထက် ထူးခြားတဲ့ Neurodivergent ကလေးတွေရဲ့ မိဘတွေကြုံတွေ့ရတတ်တဲ့ Challenges

  • Writer: Honest Hour
    Honest Hour
  • 15 hours ago
  • 1 min read

Neurodivergent (အာရုံကြောင်ဆိုင်ရာ ပုံမှန်ထက်ထူးခြားတဲ့)

Autism (အော်တစ်ဇင်)

ADHD (အာရုံစူးစိုက်မှု ထိန်းချုပ်ရခက်ခြင်း)

Dyslexia (စာအရေး၊ အဖတ်လေ့လာရာမှာ ပုံမှန်ထက်ထူးခြားခြင်း)

Tourette Syndrome (လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဘဲ ထပ်ခါထပ်ခါ ပြုမူမိခြင်း) အစရှိတဲ့ လက္ခဏာမျိုးရှိနေတဲ့ ကလေးတစ်ယောက်ရဲ့ မိဘတွေဟာ


သန်မာစွာ ပျိုးထောင်နေရင်းနဲ့ပဲ တစ်ခါတလေ အရမ်းမောပန်းဖို့ ကောင်းနေတတ်ပါတယ်။


မိဘတွေဟာလည်း လူသားတစ်ယောက်ပဲမိို့ ပင်ပန်းတတ်တာ သဘာဝပါပဲ။


ကလေးရဲ့ ထူးခြားမှုကို နားလည်ပေးခြင်းဖြင့် ပြုစုပျိုးထောင်ရင်း ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်တွေ ပျောက်ဆုံးသွားမှန်းမသိ ပျောက်ဆုံးရင်း ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။


Neurodivergent ကလေးငယ်များရဲ့ မိဘများ ကြုံတွေ့ရလေ့ရှိသည့် အခြေအနေ (၅) ခုကတော့


1.ကလေးရဲ့ Communication အခက်အခဲ၊ ဒါမှမဟုတ် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို အချိန်ပြည့် ရင်ဆိုင်ဖြေရှင်းပေးရလို့ စိတ်အားကုန်ခမ်းတာမျိုး။


2.ကလေးအတွက် သင့်တော်မယ့် ဆေးကုသမှု၊ ကုထုံး သို့မဟုတ် ကျောင်းသင်ရိုးတွေရရှိဖို့ စနစ်တကျ စီမံပေးမှု မရှိသေးတဲ့ ပတ်ဝန်းကျင်မှာ အားသွန်ခွန်စိုက် ကြိုးစားတောင်းဆိုပေးရခြင်း။


3. ဘေးလူတွေရဲ့ နားမလည်မှုတွေကြောင့် စိတ်ဒဏ်ရာရပြီး လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာသွားခြင်း။


4.ကုထုံးစရိတ်၊ ကျန်းမာရေးစရိတ်တွေအပြင် ကလေးကို အချိန်ပြည့် ဂရုစိုက်ရတာကြောင့် အလုပ်အကိုင်နဲ့ မိသားစုဝင်ငွေအပေါ် သက်ရောက်မှုရှိခြင်း။


5. ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတဲ့ ကမ္ဘာကြီးထဲမှာ ကလေးလေး အဆင်ပြေပြေ ရပ်တည်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့ အနာဂတ်အတွက် မသေချာမရေရာဖြစ်ခြင်း။


ကလေးအတွက် အားကိုးရာဖြစ်ချင်ရင် မိဘကိုယ်တိုင်လည်း အားအင်ရှိနေဖို့ လိုပါတယ်။


သင်ဟာ ကလေးကို အကောင်းမွန်ဆုံး ပြုစုပျိုးထောင်ရင်း စိုးရိမ်စိတ်တွေ၊ အထီးကျန်မှုတွေနဲ့ရင်ဆိုင်နေရပြီး စိတ်ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် တစ်ယောက်တည်း ရင်ဆိုင်ဖို့ အဆင်မပြေတဲ့အခါ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးနှစ်သိမ့်မှုတွေ ခံယူပြီး ကလေးအပေါ် ပိုမိုနွေးထွေးတဲ့ စာနာမှုနဲ့ ရှေ့ဆက်နိုင်ပါတယ်။


ကလေးကို မေတ္တာအပြည့်နဲ့ ပံ့ပိုးပေးနိုင်ဖို့ဆိုရင် သင့်မှာ လုံခြုံတဲ့ နားခိုရာ Safe Space လေးတစ်ခု ရှိဖို့ လိုအပ်ပါတယ်။


ဒီလိုနေရာလေးတစ်ခု လိုအပ်နေတယ်ဆိုရင် Honest Hour က သင့်အတွက်ရှိနေပါတယ်။


 
 
 

Comments


bottom of page