ကျန်းမာသောနည်းလမ်းများဖြင့် Blow Off Some Steam စိတ်ထွက်ပေါက်ဖန်တီးခြင်း...
- Honest Hour

- 22 hours ago
- 1 min read

Stress ဆိုတာ အလုပ်ခွင်မှာ မလွဲမသွေ ကြုံတွေ့ရတတ်ပါတယ်။
အရေးကြီးတာက ကိုယ်က stress ကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းလွှတ်ချမလဲ ဆိုတာပါ။
ခံစားချက်တွေကို ဖိသိပ်ထားတာက “professional” လို့ ထင်ရပေမယ့်
အချိန်ကြာလာတဲ့အခါ Burnout, စိတ်တိုလွယ်မှု၊ Productivity နဲ့ ကိုယ့်ရဲ့ creativity ကျဆင်းတာတွေကိုပါဖြစ်စေနိုင်ပါတယ်။
Blow off some steam ဆိုတာ ကိုယ့်ကိုယ်ကို စိတ်ထွက်ပေါက်တစ်ခုပေးလိုက်တာဖြစ်ပါတယ်။
စိတ်လွတ်လက်လွတ် brake down ဖြစ်သလိုပေါက်ကွဲလိုက်တာမဟုတ်ပါဘူး။
ကိုယ့်စိတ်ကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖိအားလျော့ချပေးခြင်းပဲဖြစ်ပါတယ်။
ဒါ့ကြောင့် လုပ်ငန်းခွင်မှာ ကိုယ့်အနေနဲ့ လက်တွေ့လုပ်လို့ရတဲ့ Healthy ဖြစ်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးပါ့မယ်…
ခဏလောက် အပြင်လေလေးရှူပြီး လမ်းထွက်လျှောက်လိုက်တာမျိုး
အသက်ရှူသွင်း၊ ရှူထုတ်တာလေးကို လေးလေးနက်နက်လေးနဲ့ ၂-၃ မိနစ်လောက်လုပ်လိုက်တာမျိုး
တချို့တွေက Journaling လိုမျိုး စိတ်ထဲမှာ ပြည့်နေတဲ့ အတွေးတွေကို စာရေးချလိုက်မှ စိတ်သက်သာရာရသွားတာဖြစ်တဲ့အတွက် ဒါမျိုးလေးလဲလုပ်ပေးလို့ရပါတယ်
နောက်တစ်ခုကတော့ ကိုယ်ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်၊ support person တစ်ယောက်နဲ့ စကားပြောခြင်းဖြစ်ပါတယ်
အလုပ်ချိန်နဲ့ အနားယူချိန် ကြားမှာ boundary ချထားတာမျိုးလေးလည်းလုပ်ပေးပါ
Healthy stress release ဆိုတာ long-term productivity အတွက် မဖြစ်မနေလိုအပ်တဲ့ strategy တစ်ခုပါ။
ကိုယ့်ရဲ့ Employee တွေအတွက် လုပ်ငန်းခွင်မှာ မလွှဲမသွေကြုံတွေ့ရမယ့် stress ကို စောစောစီးစီး manage လုပ်နိုင်အောင် support ပေးတဲ့ organization တွေမှာ focus ပိုကောင်းပြီး resilience ပိုရှိတဲ့ team culture ကို တွေ့ရတတ်ပါတယ်။




Comments