Relationship အပေါ် Social Media ရဲ့ သက်ရောက်မှုများ.....
- Honest Hour
- May 3
- 1 min read

ဒါပေမဲ့ ဆိုရှယ်မီဒီယာက ကောင်းကျိုးတွေ အများကြီးရှိသလို တစ်ဖက်မှာလည်း ဆက်ဆံရေးတွေကြား ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
➡️ Communication Gap ဖြစ်ခြင်း
Social Mediaကနေတစ်ဆင့် ဘယ်လောက်ပဲ ဆက်သွယ်ရအဆင်ပြေလာပါတယ် ပြောပြောတာ တစ်ခါတလေ ဆက်ဆံရေးတွေကြားထဲမှာ barrier တွေ ရှိတတ်ပါတယ်။ တစ်ယောက်ပြောချင်တဲ့ ဆိုလိုရင်းကို တစ်ယောက်က နားမလည်တာ၊ အထင်လွဲတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် Text နဲ့ စကားပြောတဲ့အခါမှာ စကားအတိမ်အနက်ကစလို့ တစ်ဖက်သူမှာ တွေးစရာဖြစ်ပေါ်စေတတ်ပါတယ်။
➡️ စိတ်မလုံခြုံမှု၊ သဝန်တိုမှုများကို ခံစားရစေခြင်း
Social Mediaဆိုတာ လူမျိုးစုံနဲ့ ဆက်သွယ်ရာနေရာပါ။ ကိုယ်စီ ကိုယ်စီ လူမှုရေးတွေ၊ ခင်မင်မှုတွေဆိုတာ ရှိပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ ပတ်သက်မှုတွေကိုလည်း အလွယ်တကူ သိနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက တစ်ခါတလေမှာ ကိုယ်ချစ်သူအပေါ် သဝန်တိုမိတာ၊ စိတ်မချတာ၊ ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါ စိတ်မလုံခြုံမှုများကို ခံစားရနိုင်ပါတယ်။
➡️ နှိုင်းယှဉ်မှုများ
တကယ်တော့ Social Media မှာ ချပြနေကြတဲ့ ပုံရိပ်တွေဟာ လူတွေကို ပေးသိစေချင်တဲ့ တစ်စိတ်တစ်ပိုင်းလောက်သာပါ။ နောက်ကွယ်မှာ လူတိုင်းဟာ သူ့ပြဿနာနဲ့သူပါ။ ဒါပေမဲ့ လူတော်တော်များများက Social Mediaပေါ်က အရာတိုင်းကို အဟုတ်ထင်ပြီး အားကျတတ်ကြပါတယ်။ သာယာပျော်ရွှင်နေတဲ့ ဆက်ဆံရေးတွေ မြင်ရင် အားကျတယ်၊ တခြားကောင်မလေးတွေ အချစ်ခံနေရရင်၊ surprise လက်ဆောင်တွေ အများကြီး ရတာတွေ့ရင် အားကျကြတယ်။
ဒါတွေဟာ Social Media ရဲ့ လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ပြီး မိမိကိုယ်မိမိ နှိုင်းယှဉ်မှုတွေ ပြုလုပ်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် enough မဖြစ်ဘူး၊ အချစ်မခံရဘူး စသဖြင့် ခံစားလာရနိုင်ပါတယ်။
‼️ ဒါကြောင့်မိုလို့ တစ်ခါတလေ Social Media မှာ အချိန်ကုန်တာ များလာတဲ့အခါ မိမိရဲ့ ဆက်ဆံရေးတွေမှာသာမက မိမိရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ Social Media ကို အတိုင်းအဆ ချင့်ချိန်ပြီး အသုံးပြုပါ။ လိုအပ်ရင် Social Media Break ယူပါ။ အဲဒီအစား ကိုယ့်ရဲ့ ချစ်သူနဲ့ များများ communicate လုပ်ပါ။ စကားပြောပါ။ အချိန်ပေးပါ။
Social Mediaရဲ့ လွှမ်းမိုးမှုက ကိုယ့်ရဲ့ ဆက်ဆံရေးအပေါ် အများကြီး မသက်ရောက်ပါစေနဲ့။
Comentarios