top of page
info1589729

Types Of Anxiety



😰 ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း 301 millionသော လူတွေဟာ Anxietyလို့ ခေါ်တဲ့ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းပြဿနာကို ခံစားနေရတယ်လို့ ဆိုကြပါတယ်။ 


‼️ Anxietyဟာ လူတိုင်းမှာ ရှိတတ်တဲ့ normal reaction တစ်ခုဖြစ်ပေမဲ့လည်း သာမန်ထက် ကျော်လွန်ကာ နေ့စဉ်ဘဝကိုပါ ထိခိုက်စေလာပြီဆိုရင်တော့ ရောဂါတစ်ခုလို ဖြစ်လာပါပြီ။ 


‼️ ကျွန်မတို့ နိုင်ငံမှာဆိုရင်လည်း အခုနောက်ပိုင်း Anxiety ကို ခံစားနေရတဲ့ လူတွေ ပိုပိုများလာပါတယ်။ အကြောင်းကတော့ ခေတ်ကာလရဲ့ မလုံခြုံမှုတွေ၊ စီးပွါးရေး ကျပ်တည်းမှုတွေ၊ ဆက်ဆံရေးမပြေလည်မှုတွေနဲ့ အခြားသော ကျန်းမာရေး အခြေအနေများကြောင့် ဖြစ်ပါတယ်။ 


ဒါကြောင့် Anxietyဆိုတာ ဘာလိုမျိုးလဲ၊ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတွေကို သေချာသိထားဖို့ လိုအပ်ပါတယ်။


➡️ Anxietyဆိုတာကတော့ စိုးရိမ်မှုလွန်ကဲတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Anxiety အမျိုးအစားတွေကတော့


✅ Generalized anxiety disorder (GAD)

✅ Panic disorder

✅ Social anxiety disorder

✅ Phobia-related disorders 


ဆိုပြီး အကြမ်းဖျင်း နားလည်ထားလို့ ရပါတယ်။


➡️ Generalized anxiety disorder (GAD)

GADကတော့ ခေါင်းစဉ်မယ်မယ်ရရ မရှိဘဲ အရာရာကို စိုးရိမ်ပူပန်နေတတ်တဲ့ disorderတစ်မျိုး ဖြစ်ပါတယ်။ ဘဝက အမြဲတမ်း ပြုတ်ကျခါနီး အစွန်းဖျားလေးမှာ ရပ်နေရသလိုမျိုး စိုးရိမ်ပူပန်နေတတ်တယ်။ ကြာလေကြာလေ နေ့စဉ်ဘဝမှာပါ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အခက်အခဲတွေ ဖြစ်စေလာပါတယ်။


➡️ Panic disorder

ဒါကတော့ triggerဖြစ်စေတဲ့ အရာတွေနဲ့ ကြုံတဲ့အခါ ရုတ်တရက် panicဖြစ်လာတဲ့ anxietyဖြစ်ပါတယ်။ panic attackရနေတဲ့ အချိန်မှာ ချွေးတွေထွက်လာမယ်၊ နှလုံးခုန်တွေ မြန်လာမယ်၊ အသက်ရှူရ ခက်ခဲလာမယ်၊ ခြေတွေလက်တွေ ထုံတာ ကျဉ်တာတွေ စသဖြင့် ဖြစ်လာတတ်ပါတယ်။


➡️ Social anxiety disorder

Social anxiety disorderကတော့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်တဲ့ anxiety တစ်မျိုး ဖြစ်ပါတယ်။ လူတွေကိုယ့်ကို ဝေဖန်မှာ ကြောက်တာ၊ ကိုယ့်ကို မခေါ်မှာ ကြောက်တာ လူအများရှေ့ မသွားရဲတာ စတာမျိုးတွေ ဖြစ်ပါတယ်။ 


➡️ Phobia-related disorders 

ဒါကတော့ phobiaတွေနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ anxietyဖြစ်ပါတယ်။ ရေကြောက်တာ၊ အမြင့်ကြောက်တာ၊ အမှောင်ကြောက်တာ၊ သွေးကြောက်တာ စသဖြင့် ဒိလိုမျိုး phobiaတွေကြောင့် ဖြစ်တဲ့ anxiety ဖြစ်ပါတယ်။

တခြားသော anxiety disorderတွေ ရှိသေးပေမဲ့လည်း အကြမ်းအားဖြင့် အပေါ်ကလေးမျိုးကို သိထားဖို့ လိုပါတယ်။ anxiety အမျိုးအစားတွေကို နားလည်ထားမှ ကိုယ့်ရဲ့ စိတ်အခြေအနေတွေပေါ် ဆန်းစစ်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ 


‼️ Anxiety ဆိုတာ အရှင်းပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ဒါပေမဲ့ ထိန်းချုပ်ကိုင်တွယ်လို့ ရတယ်။ လျှော့ချလို့ ရပါတယ်။ ဒါကြောင့် anxietyတွေ များလာတဲ့အခါ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။ လိုအပ်ရင် စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးကုသမှုကို ခံယူဖို့၊ ဆေးဝါးကုသမှုတွေ လိုအပ်ပါက ခံယူဖို့ လိုအပ်ပါတယ်။

8 views0 comments

Comments


bottom of page