Wellness Retreat တွေက စိတ်ပိုင်းဆိုင်ရာအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေတာလဲ?
- Honest Hour

- Aug 7, 2024
- 1 min read

Wellness retreat ဆိုတာ သာမန်သွားနေကျ အပျော်ခရီးစဥ်တွေလို မဟုတ်ဘဲ သဘာဝနဲ့ထိတွေ့မှုယူပြီး ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်ကာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လည်စတင်နိုင်ဖို့အတွက် သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို healing လုပ်တဲ့ ခရီးစဥ်လေးဖြစ်ပါတယ်။
အဲ့ဒီလို Retreat ခရီးစဥ်တွေမှာ Yoga, Meditation, Physical movement activities, mindful practices အစရှိတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ကောင်းစွာအနားယူနိုင်မဲ့ activities တွေနဲ့အတူ ပါဝင်လှုပ်ရှားရတာမလို့ ရေရှည်စိတ်ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူဖြစ်စေပါတယ်။
💁🏻♀️ကိုယ့်ကိုယ်ကို Healing လုပ်တဲ့ Wellness Retreat လေးတွေ လုပ်မယ်ဆိုရင်
💁🏻♀️Stress တွေ ပြေလျော့ခြင်း၊
သဘာဝနဲ့နီးစပ်တဲ့ နေရာတွေကိုသွားပြီး တရားထိုင်ခြင်း၊ Yoga လုပ်ခြင်း အစရှိတဲ့ activities လေးတွေနဲ့ စနစ်တကျ အနားယူပြီး healing လုပ်ရတာမလို့ နေ့တူတကွ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။
💁🏻♀️ခံနိုင်ရည် မြင့်တတ်လာခြင်း၊
အခုလိုမျိူးဘဝရဲ့ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတဲ့အချိန်မှာ Wellness Retreat ခရီးစဥ်တွေမှာ ပါဝင်တာက ခွန်အားအသစ်တွေ ပြန်လည်ဖြည့်ဆည်းပေးနိုင်တာ
ဖြစ်လို့ Resilience ကောင်းဖို့ ကူညီပေးနိုင်ပါတယ်။
💁🏻♀️စိတ်ခံစားချက်တွေကို နားလည်ပြီး အကောင်းဆုံး ထိန်းချုပ်တတ်လာခြင်း၊
ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အာရုံစိုက်ကြည့်ရတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်လာပြီး အထိအခိုက်နည်းနည်းနဲ့ ကိုင်တွယ်ထိန်းသိမ်း တတ်လာပါလိမ့်မယ်။
💁🏻♀️Social Support ရရှိနိုင်ခြင်း
ကျွန်မတို့တွေဟာ တစ်ချို့သောအချိန်တွေမှာတော့ ကူညီဖေးမမှုတွေလည်း လိုအပ်ပါသေးတယ်။ Wellness retreat တွေရဲ့ activity တွေမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမပြီး ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိလေးနဲ့ စိတ်လုံခြုံနွေးထွေးမှု ပြန်ရနိုင်ပါတယ်။
💁🏻♀️ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ဆက်သွယ်မိလာခြင်း
Retreat Activities တွေဖြစ်တဲ့ Yoga, Meditation, stretching, mindful practices တို့ဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ဆက်သွယ်မှုကို အားကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။
💁🏻♀️စိတ်အနှောက်အယှက်ဖြစ်စရာတွေနဲ့ ကင်းဝေးနိုင်ခြင်း၊
နေ့ဓဒူဝ ကျင်လည်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်နဲ့ ခနလောက် အဆက်အသွယ်ဖြတ်နေရတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာတွေနဲ့ ကင်းဝေးနိုင်ပြီး စိတ်အေးချမ်းမှုလေးခံစားနိုင်ပါတယ်။
အခုလိုမျိုး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ Well-beings တွေအတွက် အထောက်အကူပြုနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အားအင်အသစ်တွေနဲ့ ပြန်လည်စတင်ချင်တဲ့အခါ Wellness Retreat လေး ယူကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။




Pin Up App haqqında rəyim ⭐️🎮
Mən Pin Up App-i telefona yüklədim və çox razı qaldım 😍. Tətbiq sürətli işləyir ⚡, interfeysi istifadəçi dostudur 🖥️ və oyunlar problemsiz açılır 🎰.
Depozit qoymaq 💰 və uduşları çıxarmaq 💸 prosesi təhlükəsizdir 🔒. Müştəri xidməti də köməkçidir 👩💻 və suallara dərhal cavab verir ✨.
Ümumilikdə, Pin Up App əyləncəli və etibarlı bir kazino təcrübəsi təqdim edir 🎉. Mən tövsiyə edirəm 👍🔥!
kgpro.ru