top of page
Search

ဖောက်ပြန်မှာကို ကြိုတင်စိုးရိမ်တဲ့စိတ် Infidelity Anxiety ကြောင့် သင့်ရဲ့ Relationship ကို ပျက်စီးခံတော့မှာလား?

  • Writer: Honest Hour
    Honest Hour
  • 6 hours ago
  • 1 min read

ဒီနေ့ခေတ်မှာ လိုင်းပေါ်တတ်လိုက်တာနဲ့ ဘယ်သူကတော့ ဖောက်ပြန်သွားလို့၊ ဘယ်သူတွေကတော့ နှစ်အကြာကြီး တွဲပြီးမှ လမ်းခွဲသွားကြလို့ဆိုတဲ့ သတင်းတွေကို ခဏခဏ မြင်တွေ့နေရတယ်မလား?


အပြင်လောကမှာရော၊ လူမှုကွန်ရက်ပေါ်မှာပါ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ဖောက်ပြန်မှု သတင်းတွေကို နေ့စဉ်မြင်နေရတဲ့အခါ... ကိုယ့်အမျိုးသား (သို့မဟုတ်) ကိုယ့်ချစ်သူက ဘာမှ မမှားထားရင်တောင် "သူရော တကယ်ပဲ စိတ်ချရရဲ့လား" ဆိုတဲ့ Infidelity Anxiety (ဖောက်ပြန်မှာကို ကြိုတင်စိုးရိမ်တဲ့စိတ်) ဟာ သိသိသာသာရော မသိမသာပါ ဝင်ရောက် နှောင့်ယှက်လာတတ်ပါတယ်။


အထူးသဖြင့် အလုပ်အကိုင်၊ မိသားစုနဲ့ စီးပွားရေး ဖိစီးမှုတွေကြားထဲ ကိုယ့်ရဲ့ အလှအပ၊ ကိုယ်ပိုင် identity (ဖြစ်တည်မှု) တွေကို စွန့်လွှတ်ပြီး အိမ်ထောင်တစ်ခုလုံး၊ ဒါမှမဟုန် ကိုယ့်ချစ်သူအတွက်ပဲ ပေးဆပ်ထားရတဲ့ အမျိုးသမီးတွေမှာ ဒီလိုစိုးရိမ်စိတ်မျိုး ပိုပြီး အမြစ်တွယ်တတ်ပါတယ်။


"ငါ့ကိုရော ဆက်ချစ်ပါဦးမလား၊ ငါ့ထက်သာတဲ့သူနဲ့ တွေ့ရင် ထားခဲ့မလား" ဆိုတဲ့ အတွေးတွေက ညဘက်ဆို အိပ်မပျော်နိုင်အောင် ဒုက္ခပေးတတ်ပါတယ်။


တကယ်တော့...


သူ့ဖုန်းကို ခိုးကြည့်တာ


စောင့်ကြည့်ချုပ်ချယ်တာ


စိတ်ထဲမှာပဲ မျိုသိပ်ထားတာတွေဟာ


ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ယုံကြည်မှုကိုပါ ပိုမိုပျက်စီးစေပါတယ်။


ဒီလို စိုးရိမ်သောက သံသရာထဲကနေ လွတ်မြောက်ဖို့ ဘာတွေက ကူညီပေးနိုင်မလဲ?


၁။ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ (Honest Communication): အပြစ်တင်တဲ့ လေသံမျိုးနဲ့မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေကို ချစ်သူ/အမျိုးသားနဲ့ အေးအေးဆေးဆေး ဖွင့်ဟတိုင်ပင်ပါ။ ဘယ်လိုအရာတွေက ကိုယ့်ကို စိတ်အေးချမ်းစေလဲဆိုတာ အတူတူ ညှိနှိုင်းကြည့်ပါ။


၂။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်ပါ (Reconnect with Yourself): တခြားသူကိုပဲ အချိန်ပြည့် လိုက်လံထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား... ကိုယ်ဝါသနာပါတဲ့အလုပ်၊ သင်တန်း၊ သို့မဟုတ် စိတ်ဝင်စားစရာ အသစ်တွေဆီမှာ အချိန်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။


၃။ စိတ်ချရတဲ့ Safe Space ရှာဖွေပါ: ကောလာဟလတွေ၊ အတင်းအဖျင်းတွေနဲ့ စိုးရိမ်စိတ်ကို ပိုတောက်လောင်စေမယ့် နေရာမျိုးကို ရှောင်ကြဉ်ပြီး စိတ်အေးချမ်းမှုပေးနိုင်မယ့် မိတ်ဆွေကောင်းများ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပါ။


ဒီလို စိုးရိမ်စိတ်ဝင်နေတာဟာ သင့်ရဲ့ အပြစ်မဟုတ်သလို၊ သင့်ဆက်ဆံရေး ပျက်စီးတော့မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအကြောက်တရားက သင့်ဘဝကို လွှမ်းမိုးချုပ်ကိုင်ခွင့်တော့ မပေးလိုက်ပါနဲ့နော်။


အကယ်၍ အိမ်ထောင်ရေး၊ ချစ်ရသူနဲ့ပတ်သက်ပြီး Trust Issue (ယုံကြည်မှုဆိုင်ရာ ပြဿနာ) တွေ၊ စိုးရိမ်စိတ်တွေကြောင့် မွန်းကြပ်နေပြီး အဖြေရှာရခက်နေတယ်ဆိုရင် အသင့်ရှိနေတဲ့ Honest Hour ရဲ့ Professional Counsellors များနဲ့ စနစ်တကျ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။


 
 
 

Comments


bottom of page