လူတွေနဲ့ ထိတွေ့ရမှာ ကြောက်တဲ့ Social Phobia.....
- Honest Hour
- 2 days ago
- 1 min read
လူတွေငါ့ကိုဘယ်လိုမြင်နေမလဲ၊ ငါ့ကိုမကောင်းပြောနေရင် ဘယ်လိုလုပ်မလဲ၊ လူကြားထဲတော့မသွားချင်ဘူး၊ လူတွေနဲ့မတွေ့ချင်ဘူး … စသဖြင့် လူ့အဖွဲ့အစည်းရဲ့ဝေဖန်အကဲဖြတ်မှုတွေကို ကြောက်ရွံ့တာ၊ လူတွေနဲ့ပတ်သက်ဖို့ကြောက်တာတွေကို Social phobia လို့ပြောကြပါတယ်။
ကိုယ်ကြောက်တဲ့အရာကို တော်ရုံထုတ်မပြောတတ်တာရယ်၊ ပုံမှန်ရှက်တာလို့ထင်မိတတ်တာရယ်၊ Secondary depression ကြောင့်လူတွေကိုရှောင်တတ်တာတွေရယ်နဲ့ရောပြီးလည်း Social phobia လို့ပြောဖို့လည်းခက်နိုင်ပါသေးတယ်။
ပုံမှန်အားဖြင့် Social phobia ဖြစ်နေချိန်မှာကြောက်တတ်တာတွေက-
✦︎ လူပုံအလယ်မှာစားတာသောက်တာ၊
✦︎ လူရှေ့ထွက်ပြီးစကားပြောတာ၊
✦︎ အများသုံးအိမ်သာတွေအသုံးပြုတာ၊
✦︎ Social ကျကျနေရတဲ့အခြေအနေတွေကိုကြောက်တာ၊
✦︎ အရှက်ရစရာတွေပြုမူပြောဆိုမိမှာစိုးရိမ်တာ၊
✦︎ အကြောင်းပြချက်မရှိ မတရားကြောက်နေတာ.. စတာတွေပါပဲ။
᯽ ကိုယ်တိုင်ကကြောက်တတ်တဲ့အခြေအနေတွေဖြစ်တာကြောင့် အဲ့လိုအချိန်မှာ Anxiety များတတ်ပြီး၊ မျက်နှာနီလာတာ၊ လက်တွေတုန်လာတာ၊ မအီမသာဖြစ်ပြီးပျို့အန်ချင်လာတာ၊ အိမ်သာခဏခဏသွားတာ စတဲ့လက္ခဏာတွေလည်း တွေ့ရတတ်ပါတယ်။
᯽ ဒီလိုကနေ လူတွေကိုရှောင်ရင်း လူ့အဖွဲ့အစည်းနဲ့သီးသန့် ခွဲထွက်နေမိတာမျိုးအထိဖြစ်နိုင်ပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ လူမှုရေးတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
᯽ Social phobia ကိုယောက်ျားလေးတွေရော၊ မိန်းကလေးတွေပါ တူညီစွာခံစားရနိုင်ပြီး၊ ဆေးဝါး (Medication)၊ Therapy အမျိုးမျိုးနဲ့ ဆွေးနွေးကုသမှုလည်း ခံယူနိုင်မှာဖြစ်ပါတယ်။
᯽ ကိုယ်ရင်ဆိုင်တွေ့ကြုံနေရတဲ့ Symptoms တွေကို သက်ဆိုင်ရာ Professional တွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ ခံစားနေရတဲ့ Anxiety level တွေကိုသိနားလည်ပြီး အကြောက်တရားကို တစ်ဆင့်ပြီးတစ်ဆင့်ကျော်ဖြတ်တာ၊ အရက်၊ မူးယစ်ဆေးတွေနဲ့ လမ်းမလွဲသွားစေဘဲ၊ မိမိကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ social skill တွေကိုပါပြန်ပြီးတည်ဆောက်တာ စတာတွေကတော့ Social phobia ကိုဖြတ်ကျော်ရမယ့် အဓိကအချက်တွေပါပဲ။
᯽ Negative judgement တွေကိုသာမာန်ထက် စိုးရိမ်ကြောက်ရွံ့ပြီး၊ အလုပ်ပျက်မိတ်ပျက်ရလောက်အောင် လူတွေနဲ့ဝေးရာကိုအမြဲ ထွက်ပြေးနေမိရင်တော့ သေချာပေါက်ဆွေးနွေးအဖြေရှာကြည့်ဖို့ အကြံပြုပါတယ်နော်။
Comments