top of page
Search

လမ်းခွဲပြီးနောက် ဘယ်လို Move On ကြမလဲ?

  • Writer: Honest Hour
    Honest Hour
  • Sep 18, 2024
  • 1 min read

ree

ဘယ်လို Move on လုပ်ရမလဲ…? ပြတ်စဲသွားတဲ့ Relationship တွေအရေးတကြီး မေးလေ့ရှိတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ချစ်ရတဲ့သူနဲ့ ဆက်ဆံရေးပြတ်စဲရတာက တကယ်ကိုမလွယ်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ချစ်နေကြတုန်းမှာ လမ်းခွဲရတာ၊ တစ်ဖက်ဖက်ကချစ်နေလျက်နဲ့ အခြေအနေကြောင့်ပြတ်စဲရတာတွေနဲ့ လမ်းခွဲခြင်းမှာတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့….

လမ်းခွဲပြီးရင်လူကထူပူသွားတတ်တယ်။ “ငါတို့ပြတ်ရအောင် တော်ပြီ ရှေ့မဆက်နိုင်တော့ဘူး” ဒီလိုစကားတွေ ကြားရကတည်းက ရင်ထဲမှာမခံချိမခံသာနဲ့ ဝမ်းနည်းတာလိုလို၊ ဒေါသထွက်တာလိုလို ခံစားရတတ်ပါတယ်။ တချို့ကတော့ဒီနေရာမှာ ခွန်းတုံ့ပြန်ပြောနိုင်ကြပေမယ့် ဘာမှအသံမထွက်နိုင်အောင် ဆွံ့အသွားရတဲ့သူတွေလည်းရှိပါတယ်။

ဒါကြောင့် လမ်းခွဲခြင်းကိုရင်ဆိုင်ကြတဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကမတူကြပြန်ပါဘူး။ တချို့ကလမ်းခွဲခွဲပြီးချင်း ခံစားကြတယ်၊ နာကျင်ကြတယ်၊ နောက်တော့သူမပါဘဲ ရှေ့ဆက်ဖို့ကြိုးစားတယ်ပေါ့။ တချို့ကတော့ Break up ဖြစ်ဖြစ်ခြင်းမှာ သိပ်မခံစားရသလိုနဲ့ နောက်ကျမှတစိမ့်စိမ့်နဲ့ နာကျင်တတ်တာမျိုးပါ။ ဆိုတော့ ချစ်တဲ့သူနဲ့လမ်းခွဲရတာက ဘယ်လိုပုံမျိုးနဲ့မဆို ဘယ်လိုလူမျိုးမဆို နာကျင်ကြရပါတယ်။

🔺ဆက်ပြီး Move on တဲ့ဘက်ကိုသွားမယ်ဆိုရင်တော့-

🌱ကိုယ်ကပဲစပြီးလမ်းခွဲသည်ဖြစ်စေ၊ ကိုယ်ကလမ်းခွဲခံရသည်ဖြစ်စေ ပြတ်စဲသွားတဲ့အခြေအနေကို လက်ခံတတ်ဖို့လိုပါတယ်။ အရင်ဆုံး ကိုယ်ဘာဖြစ်နေလဲ၊ ငိုချင်နေတာလား၊ ခံစားနေရတာတွေကို ပြောပြပြီးရင်ဖွင့်ချင်တာလား၊ တစ်ယောက်တည်းငြိမ်နေလိုက်ချင်တာလား ဆိုတာသေချာသိရပါမယ်။ ဒီလိုအချိန်မှာ တစ်ဖက်ကပြောသွားတဲ့ နာစရာစကားတွေ၊ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချခဲ့တာတွေကို ထပ်တလဲလဲတွေးနေမိနိုင်တာမို့ ကိုယ့်အတွေးတွေကိုလည်း သတိထားရပါမယ်။

ငိုချင်တာကိုဇွတ်ထိန်းထားပြီး ဟင့်အင်းငါမခံစားဘူးဆိုတာမျိုးနဲ့တင်းထားရင် ကိုယ့်မှာပိုပြီးဖိအားများရတယ်မလား။ လွှတ်ချသင့်တာတွေကို တဖြည်းဖြည်းလွှတ်ချရမှာပေါ့။

🌱ပြီးရင် ကိုယ့်ကိုယ်ကို Focus ပြန်လုပ်ရပါမယ်။ အလုပ်များနေတဲ့အခါ အများကြီးမတွေးနိုင်တာမို့ Busy bee လေးသာလုပ်နေပါ။ ဒီ Focus ထဲမှာ Self-care လည်းပါသလို Mindfulness ကိုရှာဖွေတာ၊ Present moment မှာနေတာမျိုးတွေလည်း အလျဉ်းသင့်သလိုကြိုးစားနိုင်ပါတယ်။

နောက်တစ်ခုလိုအပ်တာကတော့ Support ပါ။ အသည်းကွဲနေတဲ့အချိန်မှာ ဘေးမှာနားလည်ခံစားပေးမယ့် သူငယ်ချင်းတွေရှိနေလား၊ မိသားစုဝင်တွေရှိနေလား ဒီမေတ္တာတွေကဒီအချိန်မှာ အလိုအပ်ဆုံးလည်းဖြစ်နိုင်ပါတယ်။

🌱ပြီးတော့အချိန်ယူဖို့လိုပါတယ်။ ရင်နဲ့အမျှချစ်ရတဲ့သူကို သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ၊ ခံစားချက်တွေနဲ့အတူ ရက်တိုတိုအတွင်း လုံးဝမေ့ပစ်နိုင်ဖို့က မလွယ်ပါဘူး။ ဒါကြောင့် ဘယ်တော့မေ့နိုင်မှာလဲကို ထိုင်စောင့်မနေဘဲ လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်လျှောက်နေရုံပါပဲ။

🌱ဒါပေမယ့် Break up ဖြစ်တာက ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ အလုပ်အကိုင်တွေပျက်တဲ့အထိ၊ ကျန်းမာရေးအထိပါ ထိခိုက်နေပြီဆိုရင်တော့ Professional help ရယူဖို့အကြံပေးပါရစေ။

ဘဝကြီးမှာ ရှင်သန်နေထိုင်လာတဲ့တစ်လျှောက် လူတွေနဲ့တွေ့ဆုံရတယ်၊ ကွဲကွာရတယ်ဆိုတာတွေက ကြုံနေရဦးမှာပါ။ ဒီတွေ့ဆုံမှုကနေ ဘာတွေရခဲ့လဲ ချစ်ခြင်းမေတ္တာလား၊ အမှတ်တရကောင်းတွေလား၊ တန်ဖိုးထားမှုတွေလား၊ ဒီလိုပဲ ခွဲခွါမှုကနေရော ဘာတွေရမလဲ၊ သင်ခန်းစာတွေ၊ ပြင်ဆင်မှုတွေ၊ ပိုကောင်းလာမယ့် Better version စသဖြင့် မြင်တတ်လက်ခံတတ်လာမယ်ဆိုရင် ဘဝကရင့်ကျက်ခြင်းတွေနဲ့ နေရတာပိုပြီးအဆင်ပြေလာပါလိမ့်မယ်♥️

#HonestHour #BreakUp #လမ်းခွဲခြင်း

 
 
 

Recent Posts

See All

Comments


bottom of page