top of page
Search

ခက်ခဲတဲ့နေ့ရက်တွေမှာ Journaling ရေးပါ.....

Writer: Honest Hour
Honest Hour
Jul 29, 2025
1 min read

✍🏻ခက်ခဲတဲ့နေ့ရက်တွေမှာ  Journaling ရေးပါ။ 

စာလုံးတွေနဲ့ဖွင့်ဟလိုက်ခြင်းက စိတ်လေးလံမှုတွေကို သက်သာစေပါလိမ့်မယ်။ 


 journaling ရေးတဲ့အခါ ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ စိတ်အခြေအနေကို ပြန်ပြီးတည်ငြိမ်စေဖို့ ပြုလုပ်သင့်တဲ့အချက်တွေကတော့......


1️⃣ ခံစားချက်တွေကို အမည်တပ်ပါ

ဒီနေ့ ခံစားနေရတဲ့ခံစားချက်တွေကို စာလုံးတွေအဖြစ်ရေးကြည့်ပါ။ 

"ဒီနေ့တော့ စိတ်တွေအရမ်းပင်ပန်းတယ်...... "

ဒီလို ခံစားချက်တွေကို စာလုံးနဲ့ဖော်ပြတာက စိတ်ခံစားချက် ပြင်းထန်မှုကို လျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။  သုတေသနတွေအရ တစ်နေ့ကို ၅ မိနစ်လောက် Journaling ရေးတာက စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ 


2️⃣ သင့်ရဲ့ ခံနိုင်ရည်ကို ပြန်သတိရပါ

"အရင်က အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ဖူးလဲ? အခုလည်း အဲ့ဒီနည်းလမ်းတွေကို သုံးလို့ရမလား?" စသည်ဖြင့် အရင်ကကြုံခဲ့တဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ရဲ့ခံနိုင်ရည်ကို ပြန်သတိရကြည့်ပါ။ 


အရင်က ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ ပြန်စဉ်းစားတာက "ငါအရင်ကလည်း ကျော်ဖြတ်နိုင်ခဲ့တယ်" ဆိုတဲ့ ယုံကြည်မှုကို ပြန်ရစေပါတယ်။ 


3️⃣ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့စာလေးရေးပါ

ဒီနေ့ အဆင်မပြေမှုတွေကြုံနေရတဲ့ ကိုယ့်ကိုယ်ကို နားလည်ပေးဖို့ စာတိုလေးရေးမယ်… 


ကိုယ့်ကိုယ်ကို ချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်လို စာရေးတာက ကိုယ့်ကိုယ်ကို ဝေဖန်မှုတွေကို လျော့ကျစေပါတယ်။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဖြည်းဖြည်းချင်းနားလည်လက်ခံလာနိုင်ပါတယ်။ 


4️⃣ သင်ခန်းစာယူပါ

ဒီအခက်အခဲက ငါ့ကို ဘာတွေသင်ပေးနေတာလဲ? 


ခက်ခဲတဲ့နေ့ရက်တွေမှာ တစ်ယောက်တည်းရင်ဆိုင်ဖို့ ခက်ခဲနေတယ်ဆိုရင် Honest Hour က အမြဲအတူရှိနေတယ်ဆိုတာ သတိရပေးပါ။ 



 
 
 

Comments


bottom of page