စိတ်ဒဏ်ရာတွေကို ဦးနှောက်က အလိုအလျောက်တုံံပြန်မိတတ်တဲ့ Dissociation ရဲ့ လက္ခဏာများ.....
- Honest Hour
- Jul 24
- 1 min read

‼️ဘာမှမခံစားရတော့ဘဲ ကိုယ်မရှိတော့သလိုမျိုး၊ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်သွားသလိုမျိုး ခံစားဖူးကြလား?
စိတ်ဖိစီးမှု (သို့) စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ရတဲ့အခါ ဦးနှောက်က အလိုအလျောက်တုံ့ပြန်တဲ့ dissociation လို့ခေါ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်တတ်ပါတယ်။ အထူးသဖြင့် ကလေးဘဝမှာ အကြမ်းဖက်မှု၊ လျစ်လျူရှုမှု၊ ပစ်ပယ်ခံရမှုတွေကို ကြုံတွေ့ခဲ့ရသူတွေမှာ နာကျင်မှုတွေကို မခံနိုင်ဘဲ ဦးနှောက်ကို shut down လုပ်လိုက်ပြီး စိတ်ကို"ထွက်ပြေးခွင့်" ပေးလိုက်မိသလို dissociation ဖြစ်ပေါ်တတ်ပါတယ်။
Dissociation ဖြစ်တဲ့အခါ
✷ဘာမှမခံစားရဘဲ ကိုယ့်ကိုယ်ကို "မရှိသလို" ခံစားရခြင်း
✷အဖြစ်အပျက်တစ်ခုရဲ့ အစိတ်အပိုင်းတွေကို မေ့သွားခြင်း
✷ကိုယ်ခန္ဓာကနေ ကွဲထွက်သွားသလို ခံစားရခြင်း
✷စိတ်ခံစားချက်တွေနဲ့ အဆက်အသွယ်ပြတ်ပြီး ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့ခက်ခဲခြင်း
✷သူများကိုယုံကြည်ဖို့၊ ရင်းနှီးမှုတည်ဆောက်ဖို့ ခက်ခဲခြင်း
✷ကိုယ်ပိုင် မှတ်ညာဏ်တစ်ချို့ ပျောက်ဆုံးခြင်း စတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။
🔻Dissociation မှာ normal dissociation နဲ့ trauma တွေကို ရင်ဆိုင်ရတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ dissociation မျိုးတွေရှိပါတယ်။
👉🏻Normal dissociation မျိုးဟာ လူတော်တော်များများ ပင်ပန်းတဲ့အချိန်၊ စိတ်ဖိစီးမှု များတဲ့အချိန်တွေမျိုးမှာ ခဏတာ စိတ်အာရုံကင်းမဲ့ခြင်း၊ လက်ရှိအချိန်မှာ ရှိမနေတော့ခြင်းတို့ ခံစားရတာမျိုးပါ။
👉🏻Trauma Related Dissociation မျိုးဟာ ပြင်းထန်တဲ့ Trauma (စိတ်ဒဏ်ရာတွေ) ကြောင့် ဦးနှောက်က နာကျင်မှုများကို ရှောင်ရှားရန် မှတ်ဉာဏ်၊ စိတ်ခံစားချက်တို့ကို ဖယ်ရှားပစ်တဲ့အခါမျိုးဖြစ်ပြီး
✷Emotional Numbness (ဘာမှမခံစားရဘဲ စိတ်ခံစားချက်များ ပျောက်ဆုံးသွားခြင်း)
✷Memory Gaps (မှတ်ဉာဏ်ပျောက်ဆုံးခြင်း)
✷Depersonalization/Derealization (ကိုယ်နှင့်စိတ်ကွဲခြင်း) – မိမိကိုယ်ကို "အပြင်မှ ကြည့်နေသလို" ခံစားရခြင်း၊ တို့ကို ခံစားရတတ်ပါတယ်။
Trauma Related Dissociation တွေဟာ အချိန်ကြာကြာခံစားနေရတတ်ပြီး လူတစ်ယောက်ရဲ့ လူမှုဆက်ဆံရေးနဲ့ နေ့စဥ်ဘဝမှာပါ ထိခိုက်မှုတွေရှိလာစေပါတယ်။
ဒါ့အပြင် Dissociation ပြင်းထန်တဲ့အခါ Dissociative Disorders မျိုးတွေ ခံစားရနိုင်သောကြောင့် ကိုယ့်မှာ dissociation လက္ခဏာတွေရှိနေတယ်လို့ သံသယရှိရင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်နဲ့ တိုင်ပင်ကုစားဖို့ အရေးကြီးပါတယ်။
Comments