top of page
Search

Bipolar Disorder လို့ ဘယ်လိုခွဲခြားသိနိုင်မလဲ?

  • Writer: Honest Hour
    Honest Hour
  • May 12
  • 1 min read


စိတ်အတက်အကျအရမ်းမြန်တယ်၊ Motivated ဖြစ်တယ်၊ Depression ဝင်တယ်၊ ဒီနှစ်ခုကြားမှာ ဗျာများနေတယ်…ဒီလိုလက္ခဏာတွေမြင်ရင် Bipolar ဖြစ်နေပြီလို့ ပြောလာကြပါတယ်။

Bipolar Disorder ဆိုတာဘယ်လိုမျိုးလဲ? စိတ်ကြွစိတ်ကျအခြေအနေကို ထပ်ခါတလဲလဲ အပိုင်းဆက်နဲ့ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ Disorder တစ်မျိုးပါ။ စိတ်အစွန်းနှစ်ဖက်က တစ်ပြိုင်နက်တည်း ဒါမှမဟုတ် အရမ်းမြန်မြန် အတက်အကျဖြစ်တာလို့လည်း ပြောနိုင်ပါတယ်။

အတော်များများသိထားကြတဲ့ Mild depression တွေနဲ့ လက္ခဏာတူနေတတ်တာမျိုးလည်းရှိတာကြောင့် Bipolar လို့ Diagnose လုပ်ဖို့ Professional တွေနဲ့တော့ ဆွေးနွေးအဖြေရှာဖို့လိုပါတယ်။

များသောအားဖြင့်တွေ့ရတတ်တဲ့ Bipolar Symptoms တွေကတော့-

▪️စိတ်လှုပ်ရှားမှုများပြီး၊ အလွန်ရွှင်မြူးနေတတ်ခြင်း၊

▪️ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ပုံမှန်ထက်ပိုပြီးယုံကြည်မှုရှိနေတတ်ခြင်း၊ (ဒီနေရာမှာ လက်တွေ့မဆန်ဘဲ ကိုယ်တကယ်မလုပ်နိုင်တာတွေကို အတင်းယုံကြည်ထားတာမျိုးကို ဆိုလိုပါတယ်)

▪️အတွေးအလွန်များခြင်း၊ (Overthink ဖြစ်တာမျိုးမဟုတ်ဘဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကြားမှာ အထိန်းအကွပ်မဲ့စွာတွေးနေတာမျိုးပါ၊ Random ဖြစ်ပြီး အတွေးတစ်ခုနဲ့တစ်ခုကလည်း အရမ်းကိုမြန်တဲ့ Racing thoughts မျိုးဖြစ်ပါတယ်)

▪️စကားပြောမြန်ပြီး ဗလုံးဗထွေးပြောမိခြင်း၊ နားမလည်နိုင်တာတွေ ဦးတည်ချက်မရှိပြောတတ်ခြင်း၊

▪️ထိခိုက်စေတဲ့အထိဝေဖန်တတ်ခြင်း၊ စိတ်လိုက်မာန်ပါပြုမူတတ်ခြင်း၊

▪️လူမှုဆက်ဆံရေးနဲ့ Creativity တိုးတက်လာခြင်း၊

▪️အာရုံစူးစိုက်နိုင်စွမ်းကျလာခြင်း၊

▪️ထင်ယောင်ထင်မှားဖြစ်ခြင်း(Delusion)၊ အာရုံခြောက်ခြားခြင်း (Hallucination) စတာတွေဖြစ်ပါတယ်။

ပြီးတော့ Delusion, Hallucination, Anger, Excitement စတာတွေက Schizophrenia ရဲ့လက္ခဏာတွေထဲမှာလည်း ပါဝင်တာကြောင့် Bipolar Disorder လား Schizophrenia လားဆိုတာလည်း ခွဲခြားဖို့ခက်နိုင်ပါသေးတယ်။

WHO ရဲ့ဖော်ပြချက်တွေအရဆိုရင်တော့ စိတ်ကြွစိတ်ကျအခြေအနေနဲ့ လူမှုရေးပိုင်း၊ ပုံမှန်လုပ်ငန်းဆောင်တာတွေမှာ သိသိသာသာပြင်းထန်နေမှုက အနည်းဆုံး တစ်ပတ်လောက်ရှိနေရင် Bipolar ရဲ့ စိတ်ကြွစိတ်ကျဖြစ်နေတဲ့ Mania episode ကိုခံစားနေရပြီလို့ဆိုနိုင်ပါတယ်။

Bipolar နဲ့ပတ်သက်ပြီး Treatment အပိုင်းမှာတော့ Psychotherapy အပြင်၊ ဆေးဝါး (Medication)နဲ့ Family-focused therapy၊ အတက်အကျဖြစ်တဲ့စိတ်အခြေအနေကို ထိန်းချုပ်ကိုင်တွယ်နိုင်မယ့် Lifestyle changes စတာတွေကိုအသုံးပြုပြီး ဆွေးနွေးကုသပေးကြပါတယ်။

အထူးသတိထားရမှာကတော့ Bipolar ဟုတ်မဟုတ် တကယ်ကိုကျွမ်းကျင်တဲ့ Professionals တွေနဲ့ ဆွေးနွေးစစ်ဆေးပြီးမှသာ ကောက်ချက်ချသင့်တာပါပဲ။ ကိုယ်တိုင်ခံစားနေရသည်ဖြစ်စေ၊ ပတ်ဝန်းကျင်မှာခံစားနေရသူကို သတိထားမိသည်ဖြစ်စေ ထိရောက်တဲ့ဆွေးနွေးကုသမှုတွေ ခံယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်ရှင်။

 
 
 

Comments


bottom of page