top of page
Search

💬 စကားလုံးတွေရဲ့ သက်ရောက်မှု - သင်ဆိုရင် ဘယ်လိုအားပေးမလဲ?

Writer: Honest Hour
Honest Hour
Jan 30
1 min read

တစ်ခါတလေမှာ ကူညီချင်စိတ်ရှိပေမယ့် ဘယ်လိုစကားလုံးတွေသုံးပြီး အားပေးရမလဲမသိတာက ကျွန်မတို့ကို တုံ့ဆိုင်းသွားစေနိုင်ပါတယ်။


ကဲ... စိတ်ကူးကြည့်ရအောင်။ သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က အရမ်းကို စိတ်ဓာတ်ကျနေပြီး သင့်ကို "ငါ ဘာမှအဆင်မပြေဘူး၊ တကယ်ကို အသုံးမကျတဲ့လူလို့ ခံစားနေရတယ်..." လို့ ရင်ဖွင့်လာတယ်ဆိုပါစို့။


"အားတင်းထား" ဆိုတဲ့ စကားတစ်ခွန်းတည်းထက် ပိုထိရောက်ပြီး နွေးထွေးတဲ့၊ စာနာမှုပြနိုင်တဲ့ တုံ့ပြန်စကားတွေ၊ မေးခွန်းတွေကို Comment မှာ တစ်ယောက်တစ်ခုစီ မျှဝေပေးခဲ့ကြပါလား?


ဥပမာ -

• "အဲ့ဒီလို ခံစားနေရတာကို ငါ့ကို ပြောပြလို့ ကျေးဇူးတင်ပါတယ်။"

• "မင်းတစ်ယောက်တည်း မဟုတ်ဘူးနော်၊ ငါ မင်းဘေးမှာ ရှိတယ်။"

• "ငါ မင်းအတွက် ဘာလုပ်ပေးနိုင်မလဲဟင်?"


သင် Comment မှာ ရေးလိုက်တဲ့ စကားတစ်ခွန်းက ဒီ Post ကို မြင်တဲ့ တခြားတစ်ယောက်အတွက် သူချစ်ရတဲ့သူကို အားပေးဖို့ တကယ့်လက်တွေ့အသုံးဝင်တဲ့ Idea တစ်ခု ဖြစ်သွားနိုင်လို့ပါ။


ကျွန်မတို့အားလုံးရဲ့ မျှဝေမှုတွေက အားပေးစကား "Toolkit" အကြီးကြီးတစ်ခု ဖြစ်သွားမှာပါ။ အတူတူလေ့လာပြီး တစ်ယောက်ကိုတစ်ယောက် ကူညီကြရအောင်။ 💛




 
 
 

Comments


bottom of page