အားလပ်ရက်ရှည်ကြီးအပြီး လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုချိန်ညှိမလဲ?
- Honest Hour
- Apr 23
- 1 min read

‼️အားလပ်ရက်ရှည်ကြီးပြီးတော့ ရုံးပြန်တက်ရတဲ့အခါ ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ.....
Thingyan ပိတ်ရက်ရှည်ကြီးမှာ အချိန်ကောင်းကောင်းသုံး ပြီးအနားယူပြီးတဲ့နောက် ရုံးပြန်ဝင်ရတဲ့အခါ:
🍂 စိတ်ဖိစီးမှု ကိုရုတ်တရက်ပြန်ခံစားခြင်း၊
အားလပ်ရက်အပြီး ပြန်လည်ထိတွေ့ရတဲ့ အလုပ်မှဖိအား၊ လူမှုပတ်ဝန်းကျင်မှ ဖိအားတွေကြောင့် စိတ်လေးလံမှုကို ခံစားရနိုင်ပါတယ်။
🍂 အားအင်ကုန်ခမ်းသလို ခံစားရခြင်း၊
အားလပ်ရက်မှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ activities တွေနဲ့ အချိန်ဖြုန်းပြီးတဲ့နောက် အားအင်ကုန်ခမ်းသလို ခံစားရတတ်ပါတယ်။
🍂ရုံးစဖွင့်တဲ့ရက်ဖြစ်လို့ ယာဉ်ကြောပိတ်မှု ကိုမြင်တွေ့ရတာကြောင့်လည်း စိတ်ကြည်လင်မှုကို ပျက်သုဥ်းစေပြီး ရုံးတက်ပြန်အလုပ်လုပ်ရတာ စိတ်ညစ်စရာလို ခံစားရတတ်ပါတယ်။
ဒီလို ခံစားနေရင် ဘယ်လိုဖြေရှင်းမလဲ?
၁။ ကိုယ့်စိတ်ကို အရင်နားထောင်ပါ
"ငါ အခု ဘာကြောင့် စိတ်ညစ်နေတာလဲ?" ဆိုတာ မေးခွန်းထုတ်ပါ။
ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်နဲ့ ဝေမျှပါ "မင်းရော ပြန်အလုပ်ဝင်ရတာ ဘယ်လိုလဲ?" အချင်းချင်း အပြန်အလှန်နားထောင်ပေးပြီး အားပေးမှုကလည်း စိတ်အားပြန်တတ်စေပါတယ်။
၂။ နည်းနည်းချင်း Adjust လုပ်ပါ
အလုပ်ပြန်ဝင်တဲ့အချိန်မှာ ဘယ်ကပြန်စရမှန်းမသိ ပြန့်ကျဲနေတဲ့လုပ်စရာတာဝန်တွေကြောင့်လည်း စိတ်ရှုပ်ထွေးတတ်တာမို့လို့ အလုပ်တွေကို Urgent/Important list လေးတွေခွဲပြီး လုပ်ကြည့်ပါ။
၃။ ရုံးခန်းထဲမှာ သက်တောင့်သက်သာဖြစ်အောင် လုပ်ပါ။
အလုပ်စားပွဲမှာပဲ အချိန်ပြည့် ထိုင်အလုပ်လုပ်နေတာဟာ ပိုပြီးထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် တစ်နာရီတစ်ခါ လှုပ်လှုပ်ရှားရှားနေပေးပါ။ (ဥပမာ – မမေ့မလျော့ ရေထထသောက်ပေးတာ၊ အညောင်းပြေအညာပြေလမ်းလျှောက်ပေးပါ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာလေးတွေလုပ်ပေးနိုင်ပါတယ်)
၄။ အားလပ်ရက်မှာ ရခဲ့တဲ့ Positive Energy ကို အလုပ်ထဲ ယူဆောင်လာပါ
Thingyan အားလပ်ရက်မှာ ပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေကို အလုပ်က သူငယ်ချင်းတွေနဲ့ မျှဝေပါ။ ပျော်ခဲ့ရတဲ့ moment တွေကို recall လုပ်မိချိန် အဲ့ဒီအချိန်ကရခဲ့တဲ့ positive energy လေးပြန်ရပြီး စိတ်ရွှင်လန်းစေပါတယ်။
💁🏻♀️အားလပ်ရက်ရှည်ပြီးနောက် ၇၈% သော အလုပ်သမားတွေမှာ "Back to work Blues" ဖြစ်တတ်ပါတယ်။ ၂-၄ ရက်အတွင်း ပုံမှန်ပြန်ဖြစ်သွားမှာပါ။
အားလပ်ရက်တွေကိုတော့ပြန်မရတော့ပေမယ့် ကိုယ့်ရဲ့ Reaction ကိုတော့ ရွေးချယ်လို့ရပါတယ်"💪
BackToWork #MentalHealthMatters
Comments