
Depression (စိတ်ကျရောဂါ) ဆိုတာ ဘယ်လိုမျိုးလဲ⁉️
Depression (စိတ်ကျရောဂါ) ဆိုတာ လူတိုင်းမှာ ဖြစ်ပေါ်ခံစားရနိုင်ပြီး အတွေ့ရများတဲ့ စိတ်ပြဿနာတစ်ခုဖြစ်ပါတယ်။ Depression ခံစားရတဲ့အခါ ကိုယ်လုပ်နေတဲ့ အရာတွေအပါ်မှာ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှု မရှိတော့ခြင်း၊၊ စိတ်ဓာတ်ကျခြင်း၊ ဘာကိုမှာ လုပ်ချင်ကိုင်ချင်စိတ် ရှိမနေတော့ခြင်းတို့ ခံစားနေရတတ်ပြီး နေ့စဥ်ဘဝမှာ ခက်ခဲလာတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။
Depression (စိတ်ကျရောဂါ) ဘာကြောင့် ခံစားရတာလဲ❓
နေ့စဥ်ဘဝမှာ ရှင်သန်လှုပ်ရှားနေရင်း ကြုံတွေ့ရတဲ့ စိတ်ဖိစီးရတဲ့ အခြေအနေတွေ၊ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ physical/emotional abuse လုပ်ခံရတာမျိုးတွေနဲ့၊ ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ စိတ်ထဲမှာ Depression လို့ခေါ်တဲ့ စိတ်ကျရောဂါဟာ ပေါက်ဖွားလာတတ်ပါတယ်။
📌 အဲ့ဒီ စိတ်ကျရောဂါဟာ လူတစ်ယာက်ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေ အပါ်မှာ အမျိုးမျိုးသက်ရောက် ခံစားရစေပါတယ်။
📌Depression ခံစားရတဲ့အခါ လူတစ်ယောက်ရဲ့ emotion(စိတ်ခံစားချက်) တွေဟာ
🔸စိတ်အတတ်အကျ များစွာ ခံစားရတတ်ပြီး
🔸ပျော်ရွှင်တဲ့ စိတ်ခံစားချက် ပျောက်ဆုံးခြင်း၊
🔸အလွန် ဝမ်းနည်းပူဆွေးခြင်း၊
🔸စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဘာကိုမှ စိတ်မပါခြင်း၊
🔸အကြောင်းအရင်းမရှိ စိတ်တိုလွယ်လာခြင်း၊
🔸မကောင်းမြင်တဲ့ စိတ်တွေကြီးစိုးလာပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လာခြင်း၊
🔸စိတ်ဖိစိီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဘက်ထဲ တင်းကြပ်ကြပ်ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
📌Depression ဟာ လူတစ်ယောက်ရဲ့ အတွေးတွေအပေါ်မှာလည်း မကောင်းတဲ့ သက်ရောက်မှုတွေနဲ့ လွှမ်းမိုးထားနိုင်ပါသေးတယ် 💭
Depression ခံစားနေရတဲ့အခါ
🔸မကောင်းမြင်တဲ့ အတွးတွေ၊ အပြစ်မြင်တဲ့ အတွေးတွေ များလာတဲ့အပြင်
ပိုပြီးပြင်းထန်းစွာ ခံစားလာရတဲ့အခါ
🔸ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်လိုတဲ့ အတွေးတွေ၊ suicidal thought လိုအတွေးတွေ ဝင်လာတတ်ပါတယ်။
📌ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်မှုတွေ ပေးနိုင်ပါသေးတယ်…..
🔸စိတ်ကျရောဂါကြောင့်
အိပ်မပျော်ခြင်း (သို့) အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း၊
🔸အစာစားတဲ့ ပုံစံပြောင်းလဲလာခြင်း
🔸အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်း၊
🔸Motivation ပျောက်ဆုံးပြီး ဘာကိုမှ လုပ်ချင် ကိုင်ချင်စိတ် မရှိခြင်း၊
🔸အစာအိမ်နာခြင်း၊ အသက်ရှူကြပ်ခြင်း
စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားရခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
📌စိတ်ကျရောဂါ ခံစားနေရတဲ့ သူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ဒီလိုမျိုး အပြုအမူတွေလည်း ပြောင်းလဲ ခံစားလာရတတ်ပါတယ်…..
🔸စိတ်ရှည်မှုလျော့ပါးလာခြင်း၊
🔸ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာကြောင့် လှုပ်ရှားမှုနည်းပါးလာခြင်း၊
🔸လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ စိတ်မပါတော့ခြင်း၊
🔸လူမှုဆက်ဆံရေးများကို ရှောင်ကြဥ်ခြင်း၊
စတဲ့ အပြုအမူလေးတွေ ပြောင်းလဲလာတတ်ပါတယ်။
Comentários