top of page
Search

စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ လိုအပ်နေပြီဆိုတာ ဘယ်လိုသိန်ိုင်မလဲ?

Writer: Honest Hour
Honest Hour
Jul 23, 2025
1 min read

စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေဟာ အမြဲတမ်း သိသာထင်ရှားနေတာမဟုတ်ပါဘူး။ 


တစ်ခါတစ်လေ နေ့စဥ်ဘဝလုပ်ငန်းဆောင်တာတွေအပေါ်မှာ မသိမသာထိခိုက်လာတဲ့ လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒါတွေကို သတိမထားမိဘဲ အချိန်အကြာကြီးပစ်ထားမိမယ်ဆိုရင် စိတ်ထောင်းကိုယ်ကျေ၊ အရာရာမှာအဆင်မပြေတော့ဘဲ လုံးပါးပါးတဲ့  အခြေအနေမျိုး ကြုံတွေ့ရနိုင်ပါတယ်။ 


ဒါကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံံ့လိုအပ်နေပြီဆိုတာ အချိန်မီ သတ်ိပြုနိုင်ဖို့ လက္ခဏာတွေကို  မျှဝေပေးလိုက်ပါတယ်။  


၁။ ကိုယ်နေဟန်ထား ပြောင်းလဲလာခြင်း

- အစားအသောက်/အိပ်စက်မှုပုံစံ ပြောင်းလာခြင်း  

  (ဥပမာ - အရင်ကထက် အများကြီးပိုစားခြင်း (သို့) လုံးဝမစားနိုင်ခြင်း/ အမြဲတမ်းအိပ်ချင်နေခြင်း (သို့) အိပ်ပျော်ဖို့ခက်ခဲခြင်း)   


၂။ စိတ်ထဲက နာကျင်မှုကို ခန္ဓာကိုယ်က ဖော်ပြနေခြင်း  

- စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေဟာ ခန္ဓာကိုယ်အပေါ်သက်ရောက်နေတာမို့ တခါတလေ အကြောင်းရင်းမရှိဘဲ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ခံစားနေရခြင်း၊ 


 ၃။ လူမှုဆက်ဆံရေးတွေကို ရုတ်တရက် ရှောင်ကျဥ်လာခြင်း 

- မိသားစု/သူငယ်ချင်းတွေနဲ့တောင် စကားပြောချင်စိတ် မရှိတော့ခြင်း၊  


၄။ ပုံမှန်လုပ်နေကျ အရာတွေကို စိတ်မဝင်စားတော့ခြင်း

- အရင်ကကြိုက်နှစ်သက်တဲ့ ဝါသနာတွေတောင် ပျော်စရာမကောင်းတော့ဘူးလို့ ခံစားရခြင်း  


 ၅။ မျှော်လင့်ချက်မဲ့သလို ခံစားရခြင်း 

- ငါကအရာရာကို ဖျက်ဆီးနေသူပဲ လို့ ထင်နေမိခြင်း  

- အပြစ်ရှိသလို (သို့) တန်ဖိုးမရှိသူလို ခံစားနေရခြင်း  

 
 
 

Comments


bottom of page