သဘာဝဘေးအန္တရာယ်အပြီး Post-traumatic Stress Disorder ရဲ့ လက္ခဏာတွေခံစားနေရပါသလား?
- Honest Hour
- Apr 9
- 1 min read

ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့ ငလျင်သဘာဝဘေးအန္တရာယ်အပြီး ကိုယ့်ရဲ့ မိသားစု၊ အသိမိတ်ဆွေများထဲမှ ထိခိုက်ဆုံးရှုံးရတာမျိုးနဲ့ ၊ Social Media များမှ ငလျင်ဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို မြင်တွေ့နေရခြင်းကြောင့် စိတ်ဒဏ်ရာရပြီး Post-traumatic Stress Disorder (PTSD) ကို ခံစားရနိုင်ပါတယ်။
PTSD ကို ခံစားရတဲ့အခါ
- စိုးရိမ်ပူပန်စိတ်ဖြင့် ညဘက်အိပ်မပျော်ခြင်း၊ ငလျင်နဲ့ ပက်သက်ပြီး အိပ်မက်ဆိုးတွေမက်ခြင်း၊
- ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ခေါင်းထဲမှာ ဆက်တိုက်တွေးပြီး စိတ်တွေမွန်းကြပ်နေခြင်း၊
- ဘာကြောင့် ဒီလောက်ထိ ဖြစ်သွားရတာလဲဆိုပြီး ယူကြုံးမရ စိတ်ထိခိုက်ခြင်း၊
- ထိခိုက်နစ်နာသူတွေနေရာမှာ ကိုယ်သာဆိုရင်လို့တွေးပြီး စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊
- ရေကျသံကအစ အသံသေးသေးမွှားမွှားလေးတွေမှာပါ အာရုံစိုက်နားထောင်မိနေပြီး စိတ်ပင်ပန်းနေခြင်း။
PTSD ရဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်
- ကိုယ့်အတွက်ကိုယ် limit လုပ်ပါ
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို သေချာစွာ သိရှိဖို့က အရေးကြီးပါတယ်။
ကိုယ်ဟာ စိတ်မခိုင်ဘူး၊ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး ယူကြုံးမရ ဖြစ်နေရတယ်ဆိုရင် စိတ်မချမ်းမြေ့စရာ သီတင်းများ ကြည့်ခြင်း၊ နားထောင်ခြင်း တို့ကို limit လုပ်ပြီး ရှောင်ကြဉ်သင့်ပါတယ်။
- ငြင်းဆိုတတ်ပါစေ
ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများမှ သူတို့ကြားသိထားတဲ့ ငလျင်ကြောင့် ထိခိုက်ခံစားရတဲ့ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်များပြောဆိုခဲ့လျှင် ကိုယ့်ရဲ့ စိတ်အခြေအနေအရ လက်ခံနားထောင်ပေးဖို့ အဆင်မပြေခဲ့ရင် နားထောင်ဖို့ အဆင်မပြေကြောင်း ရှင်းပြငြင်းဆိုပါ။
- ရင်ဖွင့်ပါ
စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီ၊ အတွေးတွေကို တရဆက်တွေးနေမိပြီး စိတ်မသက်မသာဖြစ်လာတဲ့အခါ တစ်ယောက်တည်း စိတ်ခံစားချက်တွေကို ပိတ်လှောင်ပြီး မနေပါနဲ့၊ မိမိရဲ့ မိသားစုကို ဖြစ်စေ၊ ယုံကြည်ရသူ တစ်ဦးဦးကို ဖြစ်စေ ရင်ဖွင့်ပြောဆိုပေးပါ။
- ကုသမှုခံယူပါ
လိုအပ်လာပါက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးကုသမှုတွေ ခံယူပေးပါ။
PTSD ခံစားနေရသူတစ်ဦးမှ ရင်ဖွင့်ခြင်းကို နားထောင်ပေးရသူ ဖြစ်ခဲ့ရင်
- ကောင်းမွန်စွာ နှစ်သိမ့်ပေးပါ
▫️မင်းခံစားနေရတာတွေကို နားလည်ပါတယ်၊
▫️မဖြစ်ချင်ခဲ့တဲ့ အရာတွေဆိုပေမယ့် ဒါတွေဟာ ပြီးသွားပါပြီ၊
▫️ငါမင်းနဲ့ အတူတူ ရှိပါတယ်၊ မင်းနဲ့ အတူတူ ရင်ဆိုင်နေပါတယ်၊ စသည်ဖြင့် "You are not alone” ဆိုတဲ့ ခံစားချက်လေး ပေါ်လွင်အောင် နှစ်သိမ့်ပေးပါ။
စိတ်ခံစားချက်တွေ မွန်းကြပ်ပိတ်လှောင်နေတဲ့အခါ Honest Hour Application ရဲ့ Chat Function မှာလည်း အပတ်စဥ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ည (7 PM to 10 PM) အတွင်း 24 နာရီတစ်ကြိမ် (၃၀) မိနစ်၊ Emotional Supporter တွေနဲ့ အခမဲ့ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်ရှင်။
Chat Function အသေးစိတ် : https://www.facebook.com/share/p/19L8k7uFJJ/
Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
For Mi Phone and Android Users
🍀မိမိ လက်လှမ်းမီတဲ့ မိတ်ဆွေတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးတဲ့ အနေနဲ့လည်း ဒီ Post လေးကို ပြန်လည်မျှဝေပေးလို့ ရပါတယ်ရှင်။
#PTSD ##DisasterRelief
Comments