Counselling နဲ့ ပတ်သက်ပြီး အထင်မှားနေတာတွေ...
- Honest Hour

- Feb 2
- 1 min read
❌ လူမှုပတ်ဝန်းကျင်မှာ Counselling ဆိုတာ "စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာကြီးကြီးမားမား ရင်ဆိုင်နေရမှ သွားယူရတာမျိုးလို့" counselling နဲ့ ပတ်သက်ပြီး အထင်မှားနေတာတွေ ရှိပါတယ်။
အမှန်မှာတော့ counselling skill တွေဟာ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကစလို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ နှစ်သိမ့်ဆွေးနွေးပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြု ကျွမ်းကျင်မှုတစ်ခုပါ။
Counselling ဟာ နားတစ်စုံလည်းဖြစ်တယ်။ Stress, Communication, Relationship conflict, Self-growth စတဲ့ စိန်ခေါ်မှုတွေကို တစ်ယောက်တည်း ချိန်ညှိဖို့ မဖြစ်နိုင်တဲ့အခါ ကိုယ့်ရဲ့ခံစားချက်တွေကို နားထောင်ပေးနိုင်သူတစ်ဦး လိုအပ်ပါတယ်။ ဒီလို နားထောင်ပေးဖို့အတွက် Counselling က အကူအညီပေးနိုင်ပါတယ်။
Counselling နဲ့ ပက်သက်ပြီး နောက်ထပ် အထင်မှားနေတာလေးတွေ ရှိပါသေးတယ်။
→ Counselling မှာ အရေးပါတဲ့ Empathy ဟာ မွေးရာပါ တတ်ကျွမ်းမှု တစ်ခုလို့သာ ထင်တတ်ကြတယ်။
Empathy ဟာ မွေးရာပါတတ်ကျွမ်းမှု မဟုတ်ဘူးဆိုရင်တောင် သင်ယူလေ့ကျင့်နိုင်တဲ့ အလေ့အကျင့်တစ်ခုပါ။
→Counselling ဟာ အကြံပေးတာမဟုတ်ပဲ Support ပေးတာပါ။
Counselling ဟာ "အကြံပေးတာ" လုံးဝ မဟုတ်ပါဘူး။ တစ်ဖက်သူရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာမှုဖြင့် နားထောင်ပေးပြီး သူကိုယ်တိုင် အဖြေရှာတွေ့နိုင်စေဖို့ ဆွေးနွေးအဖြေရှာမှုမှာ အကူအညီပေးတာပါ။
→တခြားသူတွေကို ကူညီပေးတဲ့ counsellor တစ်ယောက်ဟာ အလုံးစုံ ပြီးပြည့်စုံနေတဲ့သူတွေ ဖြစ်တယ်။
အမှန်မှာတော့ Counsellor တစ်ယောက်ဆိုတာ အလုံးစုံ ပြည့်စုံနေသူ ဖြစ်စရာမလိုပါဘူး။
→Counselling skill တွေကို လက်တွေ့အသုံးချဖို့ နှစ်ပေါင်းများစွာ လေ့လာရတယ်။
တကယ်တော့ Foundational counselling skills တွေကို အချိန်တိုအတွင်း လေ့လာပြီး မိသားစု၊ အလုပ်ခွင် စသဖြင့် လူတွေနဲ့ ထိတွေ့ဆက်ဆံရေးတွေမှာ အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်ပါတယ်။
→Couselling ဟာ therapy room ထဲမှာပဲ အသုံးဝင်တယ်။
Counselling ဟာ therapy room ထဲမှာပဲ မဟုတ်ဘဲ အလုပ်ခွင်၊ မိသားစု၊ လူမှုရေး က္ဍတိုင်းမှာ အကျိုးပြုပေးနိုင်တဲ့ လိုအပ်တဲ့ soft skill တစ်ခုပါ။
👉 communication တွေ တိုးတက်စေတယ်
👉 Relationship များ ပိုမိုခိုင်မာစေတယ်
👉 Self-awareness တိုးတက်စေတယ်
👉 Stress ကို ထိရောက်စွာ ကိုင်တွယ်နိုင်စေပါတယ်။
🌟Counselling Pscychology ကို တက်မြောက်ပြီး မိမိကိုယ်ကိုသာမက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အထောက်အကူပြုချင်သူတွေအတွက် နှစ်သိမ့်ဆွေးနွေးခြင်း ပညာရပ်ကို ထဲထဲဝင်ဝင်လေ့လာနိုင်ဖို့ Certificate of Counselling Psychology level(2) အတန်းလေး ဖွင့်ပေးထားပါတယ်။
‼️ဒီအတန်းလေးဟာ မနက်ဖြန် စတင်တော့မှာမို့လို့ တက်ရောက်လိုသူများအနေနဲ့ Chatbox ကနေတစ်ဆင့်ဖြစ်စေ၊ 09792824522 ကိုဖြစ်စေ အခုပဲ ဆက်သွယ်ပြီး စာရင်းပေးသွင်းထားလို့ ရပါပြီရှင်။
Class Details: https://www.facebook.com/share/p/17FpcYTyRn/





Comments