top of page
Search

သင့်ဝန်ထမ်းတွေ burnout ဖြစ်ခြင်းနဲ့ ရင်ဆိုင်နေရတဲ့အခါ ဘယ်လိုကူညီပေးမလဲ?

Writer: Honest Hour
Honest Hour
Nov 4, 2024
1 min read


😰 လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာပဲ ဖြစ်ဖြစ် “Burnout” ဖြစ်တယ်ဆိုတဲ့ စကားလုံးကို မကြာခဏ ဆိုသလို ကြားဖူးကြမှာပါ။


‼️ အလုပ်တွေများလွန်းတဲ့အခါ၊ complaintတွေ ဖြေရှင်းရပါများတဲ့အခါ၊ အထက်လူကြီးက pressureပေးတဲ့အခါ၊ ဒါမှမဟုတ် လုပ်ငန်းခွင်က ပျော်ရွှင်စရာမကောင်းတာ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အဆင်မပြေတဲ့ အခါတွေမှာ အလုပ်မှာ burnout ရလာတတ်ပါတယ်။ 


‼️ Burnout ဖြစ်တယ်ဆိုတာကတော့ အလုပ်တာဝန်တွေနဲ့ မတရားဖိစီးလေးလံလာတဲ့အခါ စိတ်ပင်ပန်းနွမ်းနယ်ခြင်းဖြစ်တာကို ပြောတာဖြစ်ပါတယ်။ ရိုးရိုးသာမာန် စိတ်ပင်ပန်းတာမျိုး မဟုတ်ဘဲ ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တဲ့အထိ စိတ်ပင်ပန်းလာတာ၊ စိတ်ကုန်ခမ်းလာတာမျိုးကို Burnout ဖြစ်တယ်လို့ ခေါ်ပါတယ်။


‼️ လုပ်ငန်းခွင်တွေမှာဆိုရင် ဝန်ထမ်းရေးရာကို ကြီးကျပ်နေရတဲ့ HRတွေအနေနဲ့ မိမိရဲ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အမြဲ ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းတွေမှာ burnout signတွေ ရနေ မနေကိုလည်း ဒီအချက်တွေအရ သတိထားပြီး ကြည့်နိုင်ပါတယ်။


✅ အလုပ်မှာ performance မကောင်းတော့တာ


✅ အလုပ်ဇောတွေနဲ့ အလွန်အကျွံဖိလုပ်တာ


✅ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခပ်ကင်းကင်းနေပြီး သီးသန့်ခွဲထွက်နေတာ


✅ physical problemအနေနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုလွန်ကဲခြင်း၊ စိုးရိမ်မှု လွန်ကဲခြင်းတွေ ဖြစ်လာတာ၊


✅ အမြဲလိုလို ပင်ပန်းနေတာ၊ မှိုင်ထွေနေတာမျိုးတွေဟာ burnout ဖြစ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။


✔️ အကယ်၍ မိမိရဲ့ ဝန်ထမ်းဟာ burnout ဖြစ်နေပြီဆိုရင် 

ဝေဖနိအပြစ်တင်တဲ့ စကားတွေမပြောဘဲ အလုပ်လုပ်ရတာ အဆင်ပြေ၊ မပြေခေါ်မေးပါ။ 


✔️ ဘာပြဿနာတွေရှိနေလဲ၊ ဘာအခက်အခဲတွေရှိနေလဲ မေးပေးပါ။ ဖြေရှင်းကူညီပေးလို့ ရတာဆို ကူညီပေးပါ။


✔️ ဝန်ထမ်းတွေရဲ့ စိတ်ပျော်ရွှင်မှုအတွက်လည်း ဂရုစိုက်ပေးပါ။ Self-careသေချာလုပ်ဖို့၊ မိမိရဲ့ စိတ်ကျန်းမားရေးကို ဂရုစိုက်ဖို့ တိုက်တွန်းပေးပါ။ Self-care tipsတွေ sharingပေးပါ။


✔️ လိုအပ်မယ်ဆိုရင် counselling ယူဖို့၊ career counsellingယူဖို့ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ စီစဉ်ပေးပါ။ 


✔️ အလုပ်ခွင်ကို Healthy working environmentလေးဖြစ်အောင် ပံ့ပိုးပေးပါ။


❤️ ဝန်ထမ်းတွေဟာ လုပ်ငန်းတစ်ခုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အလုပ်ခွင်ဟာ ပျော်ရွှင်စရာကောင်းမှ ဝန်ထမ်းတွေ အလုပ်လုပ်ရ ပျော်ပါလိမ့်မယ်။ ဝန်ထမ်းတွေဟာ စိတ်ချမ်းသာစွာနဲ့ စိတ်ဖိစီးမှုနည်းနည်းနဲ့ အလုပ်လုပ်နိုင်မှ လုပ်ငန်းတစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။



 
 
 

Comments


bottom of page